ဓာတ်ပုံ – CJ

မြတ်နိုး၊ ဇွန် ၁၂ရက်၊ ဖားကန့်

ကချင်ပြည်နယ်၊ ဖားကန့် နဲ့ လုံးခင်းကြားရှိ မှော်ဆီစာရွာမှာ ဒီနေ့ ဇွန်လ ၁၂ ရက်နေ့ မနက် အစောပိုင်းက အရပ်သား ၃ ဦး ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မှော်ဆီစာ လမ်းဆုံမှာ ဇွန်လ ၁၂ ရက်နေ့ မနက် ၆ နာရီခန့်က ပြည်သူ ၃ ယောက်ကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ ပစ်ခတ် သတ်ဖြတ်သွားတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လမ်းဘေးထိုင်နေတာကို ဝင်ပစ်သွားတာဖြစ်ပြီး ပစ်သတ်ခံရတဲ့ ၃ ယောက်က အဲနားထိုင်နေကျ အရက်သမားတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီဖြစ်စဉ်အပြီး ဒေသခံတွေ အနေနဲ့ အသွားအလာ အပြောအဆို သတိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“ဒီနေ့မနက်မှာ မှော်ဆီစာ ရွာမလမ်းမကြီးထိပ်မှာ လူ ၃ ယောက်ပစ်သတ်ခံရတယ်။ ထိုင်နေတဲ့ နေရာတင် အပြစ်ခံရတာပါ။ သူတို့က အရက်သမားတွေပါ”လို့ နောက်ထပ် ဒေသခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒေသတွင်းသတင်းဌာနတွေမှာတော့ အဲဒီပစ်ခတ်မှုဟာ စစ်ကောင်စီက ပြုလုပ်သွားတယ်ဆိုပေမယ့် ဘယ်သူလုပ်သွားလဲဆိုတာ အတည်မပြုနိုင်သေးဘူးလို့ အဲဒေသခံက ဆိုပါတယ်။

မှော်ဆီစာထဲမှာ အခြေအနေတွေ ရှုတ်ထွေးနေပြီး အရပ်သားတွေ အဖမ်းစီးခံရတာတွေ ရှိသလို ပစ်သတ်ခံရနေတာတွေလည်း ရှိနေတာကြောင့် နေအိမ်ထဲ မှာသာ နေကြဖို့ ဒေသခံတွေက တိုက်တွန်းထားကြပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။