ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ ဇွန်လ ၂၀ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းလေး၊ မှော်ဝမ်းကြီးကျေးရွာမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာကြဲချမှုကြောင့် ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇွန်လ ၁၉ ရက် နေလယ် ၃ နာရီခွဲဝန်းကျင်မှာဖြစ်ပွားခဲ့ပြီး ဖားကန့်မြို့နယ် မှော်ဝမ်းလေးရွာရဲ့ ဘုန်းကြီးကျောင်းအနီးကို ဂျက်လေယာဉ်တစ်စီးနဲ့ လာရောက်ဗုံးကြဲချခဲ့တာ ဖြစ်ပါတယ်။

“မနေ့ညနေမှာ လေယာဉ်နဲ့ လာကြဲတာဟုတ်တယ်။ ကလေး တစ်ယောက်အပါ ၂ ယောက်ထိတယ်လို့ ပြောတယ်။ သူတို့ရှိနေတော့ သွားမကြည့်ရဲဘူး။ ထိခိုက်ပျက်စီးမှုတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

မှော်ဝမ်းကြီးနဲ့ မှော်ဝမ်းလေးကျေးရွာမှာ နှစ်ရွာစလုံး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ‌လက်နက်ကြီး‌တွေလည်း နေ့စဉ်ပစ်ခတ်နေတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ဆိုပါတယ်။

“သူတို့က လေယာဉ်တစ်စီးနဲ့ နှစ်ရွာစလုံး လာကြဲချတာ။ ကျောင်းအနီးတွေဘဲ ကြဲတာ။ တိုက်ပွဲကတော့ နားထားတယ်။ လက်နက်ကြီးတွေလည်း နေ့တိုင်းပစ်နေကြတာ။ ဘယ်ဘက်ကိုပစ်လို့ ဘယ်သူက ပစ်လဲဆိုတာတော့ မသိဘူး။ အသံကတော့ နေ့တိုင်းဘဲ” လို့ ပြောပါတယ်။

မှော်ဝမ်းလေးက နှစ်ခြင်းဘုရားကျောင်းပေါ်မှာ စစ်ကောင်စီတပ်တွေက တပ်စွဲထားပြီး မှော်စီးစာကျေးရွာရဲ့ ဘုန်းကြီးကျောင်းမှာလည်း တပ်စွဲထားသလို အခုလက်ရှိ စစ်ကောင်စီတပ်နဲ့ ပူပေါင်းတပ်တို့အကြားက နှစ်ဖက်တပ်စလုံး စစ်ရေးတင်းမာနေကြတယ်လို့ ၎င်းက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။