သတင်းဓာတ်ပုံ

လွေးဇွန်မိုး၊ ရွှေဖီမြေ

တအာင်းဒေသ နမ့်ဆန်မြို့နယ်မှာတော့ ရွှေဖီဦး လက်ဖက်ကို စတင် ခူးဆွတ်နေကြပြီ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ ရွှေဖီလက်ဖက်ရွက်စိမ်း တစ်ပိဿာကို ၃,၅၀၀ နဲ့ ၃,၇၀၀ ကြား အမြင့်ဆုံးဈေး ရခဲ့ပြီး ဒီ ၂၀၂၅ ခုနှစ် မတ်လ တတိယအပတ်ကစပြီး နမ့်ဆန်မြို့နယ်က ကျေးရွာတချို့မှာတော့ ရွှေဖီဦးလက်ဖက် ရွက်စိမ်းတစ်ပိဿာကို ၄ ထောင်နဲ့ စတင်ဝယ်ယူနေပြီလို့ သိရပါတယ်။

ရွှေဖီလက်ဖက်ဈေး ၄ ထောင်ကျပ် ရနေပေမဲ့ ၅ ဆကျော် မြှင့်တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် လူထုတွေအတွက် တွက်ချေ မကိုက်ဘူးသေးလို့ လက်ဖက်တောင်သူတွေက ပြောဆိုကြပါတယ်။

နမ့်ဆန်မြို့နယ်ထဲက ကျေးရွာတချို့မှာသာ ၄ ထောင် ရရှိနေပြီး ကျေးရွာတချို့မှာတော့ ၃ ထောင်သာ ရနေကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ဖက်ကို အဓိက စိုက်ပျိုးထုတ်လုပ်တဲ့ နမ့်ဆန်၊ မန်တုံနဲ့ ကျောက်မဲ စတဲ့မြို့နယ်မှာလည်း လက်ဖက် ဈေးကောင်းရဖို့နဲ့ လက်ဖက်အရည်အသွေး ထိန်းသိမ်းဖို့ ရွက်ကြမ်းနဲ့ လက်ဖက်အတု မခူးကြဖို့ကိုလည်း တောင်သူတွေကြား သတိပေး ပြောဆိုနေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

တပ်ဖွဲ့ဝင်သစ် ရာနဲ့ချီကို DPLA အခြေခံစစ်သင်တန်းပေးနေ

တအာင်းတပ်မတော်-TNLA နဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA/DPLF ရဲ့ စစ်သင်တန်းပေးနေတဲ့ ပုံရိပ်တွေဖြစ်ပါတယ်။

ကျောင်းဆရာဘဝကနေ စစ်သင်တန်း မတက်ရဘဲ ရှေ့တန်း ထွက်ရပြီး ကျဆုံးခဲ့တဲ့ ကျောင်းဆရာ မိုင်းအိုက်လေးရဲ့ နာရေး

ကျောင်းဆရာဘဝကနေ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ တပ်သား စုဆောင်းတာ ခံရပြီး စစ်သင်တန်း မတက်ရဘဲ ရှေ့တန်း ထွက်ခဲ့ရကာ ကျဆုံးသွားတဲ့ ကျောင်းဆရာ မိုင်းအိုက်လေးရဲ့ နာရေးမြင်ကွင်း ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်းခမ်းစစ်မြေပြင် မြင်ကွင်း

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(PSLF/TNLA) တို့အကြား ၆လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးရှိ ရှေ့တန်းစစ်မြေပြင်မှာ ရွှေဖီမြေက သွားရောက်မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။

ကတုတ်ကျင်းနဲ့ စာသင်ကျောင်း

စစ်ကောင်စီတပ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲနေတဲ့အတွက် အောက်ပြည်မြေပြန့်က ကျေးရွာရှိ စာသင်ကျောင်းအများစုဟာ ကတုတ်ကျင်းနဲ့ ပူးတွဲပြီး စာသင်နေကြရပါတယ်။