ဓာတ်ပုံသတင်း၊ နိုဝင်ဘာ ၂၀ ရက်၊ နမ္မတူ
ဒီနေ့ နိုဝင်ဘာ ၂၀ ရက်မှာ ရှမ်းလူမျိုးတစ်ရပ်လုံး အထွဋ်အမြတ်ထားတဲ့ နှစ်သစ်ကူးနေ့ ကျရောက်လာတဲ့အတွက် ရှမ်းလူထုတွေဟာ သူတို့ရဲ့နေအိမ်တွေမှာ ရှမ်းအလံကို လွှင့်ထူပြီး ကြိုဆိုနေကြပါတယ်။
အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ရှမ်းတိုင်းရင်းသားတို့ နှစ်သစ်ကို ကြိုဆိုနေကြသလို တအာင်းတပ် ထိန်းချုပ်ဒေသထဲမှာရှိတဲ့ ရှမ်းလူမျိုးတွေကလည်း ဂုဏ်ယူဝင့်ထည်စွာ အမျိုးသားအလံကိုလွှင့်ထူ ကြိုဆိုကျလျက်ရှိပါတယ်။
တအာင်းတပ် – PSLF/TNLA ရဲ့ ဌာနချုပ်ကလည်း ကျရောက်တဲ့ ရှမ်းနှစ်သစ်ကို ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့ကာ ရှမ်းလူမျိုးနဲ့ တအာင်းလူမျိုးတို့အနေနဲ့ ညီအစ်ကို မောင်နှမအရင်းပမာ အတူယှဉ်တွဲနေထိုင်ဖို့နဲ့ အရင်လို အချင်းချင်းချစ်ခင်ရင်းနှီးမှု ပြန်တည်ဖောက်ဖို့ ဆန္ဒပြုထားပါတယ်။
ဒါ့အပြင် ညီအစ်ကိုမောင်နှမအချင်းချင်းကြား သဘောထားကွဲလွဲမှု၊ သံသယတွေကို ဘေးဖယ်ထားပြီး တော်လှန်ရေးခရီးကြမ်းမှာ အကြပ်အတည်းတွေကို အတူတကွ အဖြေရှာဖို့၊ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ လူမှုပတ်ဝန်းကျင်ဖြစ်ဖို့ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ဆက်ဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။