သတင်းဓာတ်ပုံ

မိုင်းရူပ၊ လွေးဇွန်မိုး၊ အောက်တိုဘာ ၂ ရက်၊ နမ္မတူ

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ပေါ်မှာ သေဆုံးသူ ၄ ဦးရဲ့ နာရေးမြင်ကွင်းတွေ ဖြစ်ပါတယ်။

ဒီနေ့မနက် အောက်တိုဘာ ၂ ရက် မနက် ၇ နာရီ ၁၅ မိနစ်မှာ စစ်တပ်က နမ္မတူမြို့ ရပ်ကွက်(၈)ရှိ လူနေ ထူထပ်တဲ့ ရပ်ကွက်ထဲ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

သေဆုံးသူထဲ ကျောက်မဲမြို့နယ်ထဲက တိုက်ပွဲကြောင့် စစ်ရှောင်လာတဲ့ ဒေါ်မိုင်း၊ ဒေါ်အေးဟွမ်၊ ဦးအိုက်ရှင်နဲ့ နမ္မတူမြို့ခံ မားအောင်မြတ်တို့ ပါဝင်ပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ကလေးတစ်ဦး၊ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ပါဝင်ပါတယ်။

စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ ဌာနဆိုင်ရာရုံး မရှိသလို အရပ်သားတွေ စုပေါင်း နေထိုင်တဲ့နေရာသာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ နမ္မတူမြို့ကို တအာင်းတပ်မတော် ထိန်းချုပ်ပြီးနောက် စစ်တပ်က ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမြို့ပေါ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ နာရေးမြင်ကွင်း

မနေ့ ဇွန်လ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လူနေထူထပ်တဲ့ ကျောက်မဲမြို့ပေါ် ရပ်ကွက်-၇ နဲ့ ရပ်ကွက်- ၃ ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပါတယ်။

သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ရွှေဖီမြေက ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ ​မြင်ကွင်းတွေ ဖြစ်ပါတယ်။

နောင်ပိန်ရွာမှာ စစ်ကောင်စီထိုးစစ်ကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေဆဲ

စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက်နေ့ကနေ စတင်ဖြစ်ပွါးနေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ တိုက်ပွဲဟာ ဒီနေ့ ဩဂုတ် ၂၆ရက်အထိ အပြင်းအထန်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်းခမ်းစစ်မြေပြင် မြင်ကွင်း

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(PSLF/TNLA) တို့အကြား ၆လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးရှိ ရှေ့တန်းစစ်မြေပြင်မှာ ရွှေဖီမြေက သွားရောက်မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။