ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဇွန်လ ၁ ရက်၊ မီဇိုရမ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဗာဖိုင်းကျေးရွာမှာ မိုးရွာသွန်းပြီး မြေပြိုကျတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် မြန်မာစစ်ဘေးရှောင် ၃ ဦး သေဆုံးခဲ့တယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။

မနေ့ မေလ ၃၁ ရက် မနက်က ရွာသွန်းတဲ့မိုးကြောင့် ဗာဖိုင်းကျေးရွာက မြန်မာစစ်ဘေးရှောင်တွေ ငှားရမ်းနေထိုင်တဲ့ ဦးလဲန်းခွေထန်နာရဲ့ နေအိမ်ဟာ မြေပြိုကျမှုထဲ မျော့ပါသွားပြီး မြေပိတ်မိကာ အသက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

“အိမ်အပေါ်ဘက်ကနေ မြေပြိုတာ။ အဲမြေနဲ့အတူ ဦးလဲန်းခွေထန်နာ အိမ်ဟာလည်း မျော့ပါသွားတာပါ။ အိမ်ထဲမှာရှိတဲ့သူတွေအားလုံး မြေပိတ်မိပြီး သေဆုံးခဲ့ရတာပါ။ မနေ့က မိုးအရမ်းရွာတယ်။ မီဇိုရမ်ပြည် အနှံမှာ မြေပြိုကြတယ်။ လူတွေလည်း ပိတ်မိနေကြတယ်။”လို့ မြန်မာစစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီ မြေပြိုမှုကြောင့် သေဆုံးသူတွေဟာ ဦးလဲန်းခွေထန်းနာ (၇၁) နှစ်၊ ၎င်းသမီးဖြစ်သူ ဒေါ်လာလ်နိုက် ထွာမ်မီး (၄၈ ) နှစ်နဲ့ လာလ်နိုက် ထွာမ်မီးရဲ့ ချွေးမဖြစ်သူ ကိုယ်ဝန်ဆောင်မိခင် လာလ်ရဲမ်နီအဲန်းအီး (၂၈)နှစ်တို့ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာစစ်ဘေးရှောင်နှစ်ဦးဖြစ်တဲ့ ပဲခ့်မှင်းထန်းနာ (၂၆ ) နှစ်၊ လာလ်ဇာမ်မာ (၄၇) နှစ်လည်း ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

“သေဆုံးသူ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အမျိုးသားက ခြေထောက်ခွဲစိပ်ထားရတယ်။ နောက်တစ်ယောက်ဧည့်သည် သူလည်းပြင်းထန်ဒဏ်ရာရတယ်။ အခု ကျန်ဖိုင်ဆေးရုံမှာ ဆေးကုသနေတယ်။ သေဆုံးသူတွေကို မနေ့ကပဲ သဂြိုလ်လိုက်ပါပြီ။”လို့ မြန်မာစစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီမြန်မာစစ်ဘေးရှောင်တွေဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မောစီကျေးရွာကဖြစ်ကြပြီး မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဗာဖိုင်းကျေးရွာကို စစ်ဘေးရှောင်လာကြသူတွေလည်း ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။