ဓာတ်ပုံ – Local

အိုက်ပွီး၊ ဧပြီလ ၂၆ ရက်၊ မဏိပူရ်

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် ဖမ်းဆီးထောင်ချ ပြစ်ဒဏ်ကျခံပြီး ပြန်လွတ်လာသူ ၂၇ ဦးကို စစ်ကောင်စီတပ်က ပြန်မလွတ်ပေးသေးဘဲ တစ်လကျော်ကြာထိ ဆက်လက် ဖမ်းဆီးထားတယ်လို့ မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။

အကျဥ်းထောင်က ပြန်လွတ်လာသူတွေဟာ မဏိပူရ်ပြည်နယ်မှာ စစ်ဘေးရှောင်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး သူတို့ဟာ တရားမဝင်နေထိုင်မှုနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ဖမ်းဆီးထောင်ချခံရသူတွေဖြစ်ကြပါတယ်။

သူတို့တွေကို ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်တစ်နေရာမှာ တာဝန်ရှိသူတွေက မြန်မာပြည် စစ်ကောင်စီထံ လွဲပြောင်းပေးတာဖြစ်ပြီး စစ်ကောင်စီတပ်က ဆက်လက် ဖမ်းဆီးထားတာဖြစ်ပါတယ်။

“ကျတော်တို့ အစတော့ လိုအပ်တဲ့ ကျန်းမာရေး ဆေးကုသမှုတွေ လုပ်ပေးဖို့ ခေါ်ထားတာ ထင်တာပါ။ နောက်တော့မှ ပြန်မလွတ်ပေးပဲ ဆက်ဖမ်းဆီးထားတယ်။ သူတို့က နိုင်ငံရေးနဲ့ပတ်သက်တာ မဟုတ်ဘဲ သာမန်အရပ်သားတွေပါ။ အိန္ဒိယမှာစစ်ဘေးရှောင်ရင်း ဖမ်းဆီးခံရတာပါ။ အဲထဲမှာ ကလေးတွေလည်းပါတယ်။ ပြန်လွတ်ပေးသင့်ပြီး။”လို့ ဖမ်းဆီးခံရတဲ့မိသားစုဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာ သူတို့တွေကို တမူးမြို့မ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ရပေမဲ့ အကျဥ်းသားကဲ့သို့ နေထိုင်စားသောက်နေရပြီး သူတို့ထဲမှာ ကလေးတွေပါသလို ကျန်းမာရေးမကောင်းတဲ့သူတွေလည်းပါတာကြောင့် အမြင့်ဆုံးလွတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။

“တမူးရဲစခန်းမှာပါ။ သူတို့က အိန္ဒိယမှာလည်း ထောင် ၃နှစ်၊ ၄နှစ်ကျခံပြီးသားတွေလေ။ အိန္ဒိယထောင်ထဲမှာနေတုန်းက သူတို့တွေ စားရေးသောက်ရေး၊ နေရာထိုင်ခင်း အဆင်မပြေလို့ ဆေးကုသမှုတွေတောင် လုံလောက်မရဘူး။ အခုခါ သူတို့ထဲမှာ ကျန်းမာရေးမကောင်းတဲ့သူတွေပါတယ်။ ဆေးကုသပေးရအုံးမယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သူတို့ကို ကုစားပေးရမယ်အချိန်လေ။ စစ်ကောင်စီအနေနဲ့ ဆက်ဖမ်းဆီးထားတာ မသင့်တော်ဘူး။” လို့ နောက်ထပ် ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဧပြီလ ၂၀ ရက်နေ့က တမူးမြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်သူလူထုကို အသိပေးပြောဆိုပြီးနောက် စစ်ကောင်စီတပ်ကလည်း စစ်ရေးပြင်ဆင်နေတဲ့အချိန်မှာ ဖမ်းဆီးခံရသူတွေအတွက် မိသားစုဝင်တွေဟာ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

မဏိပူရ်အကျဥ်းထောင်မှ ပြန်လွတ်လာကြသူတွေဟာ စစ်ကောင်စီတပ်ရဲ့ ထပ်မံ ဖမ်းဆီးတာခံရတဲ့ အမျိုးသမီးနဲ့ ကလေး ၂၇ ဦးအတွက် အိန္ဒိယအစိုးရအပေါ် တာဝန်အပြည့်အဝရှိတယ်လို့ India for Myanmar က ဧပြီလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံအကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးထောင်ချခံရပြီး ပြန်လွတ်လာသူတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီထံ ပြန်မလွတ်ပေးဖို့ India for Myamar အဖွဲ့က အိန္ဒိယအစိုးထံ မကြာခဏ တောင်းဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။