ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဇူလိုင်လ ၄ ရက်၊ မဏ်ပူရ်

မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ်၊ ကမ်ဂျွန်ခရိုင်ရှိ ကျေးရွာတွေမှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင်တွေကို နာဂလက်နက်ကိုင်တပ်ဖွဲ့က ဆပ်ကြေး ကောက်ခံနေတယ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဆက် ကြေး ကောက်ခံနေတဲ့ နာဂလက်နက်ကိုင်အဖွဲ့ဟာ မဏိပူရ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၎င်းအဖွဲ့ဟာ တမူးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ NSCN-IM တန်ခူလ်း နာဂအဖွဲ့ဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ကမ်ဂျွန်ခရိုင်၊ ကျေးရွာတွေမှာ ခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်တွေဆီက တစ်အိမ် အိန္ဒိယရူပီး ၂,၅၀၀ ကျပ် နာဂ လက်နက်အဖွဲ့က အဓမ္မ ဆပ်ကြေး ကောက်ခံနေတယ်လို့ စစ်ဘေးရှောင်အမျိုးသားတ်စဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“တမူးဘက်မှာ စကစနဲ့ပူးပေါင်း တိုက်ပွဲဝင်နေတဲ့ မဏိပူရ်အခြေစိုက် နာဂ လက်နက်ကိုင်အဖွဲ့က စစ်ဘေးရှောင်တွေဆီက ဆပ်ကြေး ရူပီး ၂,၅၀၀ ကျပ် ကောက်ခံနေတာပါ။ စစ်ဘေးရှောင်တွေက အလုပ်အကိုင်မရှိသလို ဝင်ငွေလည်းမရှိတဲ့ ဝိုင်းဝန်း တောင်းပန်လို့ နောက်ဆုံး ၁,၅၀၀ ပဲ ယူပေးမယ်ပြောတယ်။”

နာဂလက်နက်ကိုင်အဖွဲ့ ဆပ်ကြေး ကောက်ခံနေတဲ့ ကျေးရွာတွေကို စစ်ဘေးရှောင်တွေက ၎င်းတို့လုံခြုံရေးအတွက် မဖော်ပြစေချင်ဘူးလို့ ဆိုပါတယ်။

အခုလို နာဂ လက်နက်ကိုင်အဖွဲ့က မြန်မာစစ်ဘေးရှောင်တွေဆီက ဆပ်ကြေးတွေ ကောက်ခံမှုရှိလာတဲ့အတွက် စစ်ဘေးရှောင်တချို့ဟာ မြန်မာပြည်ဘက်ကို ပြန်ဝင်လာကြသူတွေရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

“အဓိကတော့ ဆက်ကြေးမပေးနိုင်ကြဘူးလေ။ အလုပ်အကိုင်တွေကလည်း အဆင်မပြေတော့။ မိသားစုစားဝတ်နေရေး ကြပ်တည်းချိန်မှာ အဓမ္မ ဆက်ကြေးကောက်ခံနေတော့ မနေချင်ကြ တော့ဘူး။ နဂိုကတည်းက ဒီဘက်မှာမသက်သာလို့သာ စစ်ဘေးရှောင်နေရတာ။ အခုတော့ မြန်မာဘက်ကို ဝင်လာတဲ့သူတွေရှိလာတယ်။”

တမူးမြို့နယ်တိုက်ပွဲကြောင့် ​တမူးဒေသခံ ပြည်သူတွေဟာ မြန်မာ-အိန္ဒိယနယ်စပ်၊ မဏိပူရ်ပြည်နယ်ရှိ ခရိုင်အသီးသီးမှာ ထွက်ပြေးစစ်ဘေးရှောင်နေကြရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။