အိုက်ပွီး၊ ဇွန်လ ၂ ရက်၊ လောင်တလိုင်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှာ မြစ်ရေ မြှင့်တက်မှုကြောင့် ပလက်ဝ ချင်းစစ်ဘေးရှောင်နေအိမ် ၁၀၀ ကျော် ရေထဲ နစ်မြှုပ်ပြီး စစ်ဘေးရှောင် ၆၀၀ ကျော်ဟာ ရေဘေးသင့်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

မေလ ၃၁ ရက် မနက်အစောပိုင်းက ရွာသွန်းတဲ့မိုးကြောင့် မြစ်ရေ မြှင့်တက်မှုဖြစ်ပြီး လောင်တလိုင်ခရိုင် ကာကီနဲ့ တွီဒန်းရွာက ပလက်ဝ ချင်းစစ်ဘေးရှောင်စခန်းက လူနေအိမ် ၁၀၀ ကျော်ဟာ ရေထဲ နစ်မြှုပ်ကာ မျှောပါပျက်စီးသွားပါတယ်။

“မြစ်ကမ်းနံဘေးမှာ ဆောက်ထားတဲ့ စစ်ဘေးရှောင်နေအိမ်တွေပါ။ တချို့အိမ်က ရေမြှုပ်သွားပြီး အနည်းငယ် ပျက်စီးသွားသလို တချို့အိမ်က ရေစီးထဲ မျှောပါသွားပြီး လုံးဝ ပျက်စီးသွားပါတယ်” လို့ စစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ရုတ်တရက် ရွာသွန်းတဲ့မိုးကြောင့် မြစ်ရေ မြှင့်တက်မှု ဖြစ်ပွားတဲ့အတွက် စစ်ဘေးရှောင်တွေဟာ ကြိုတင်ပြောင်းရွှေ့ချိန် မရလိုက်ဘဲ စုဆောင်းထားတဲ့ စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ စောင်တွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ပျက်စီးသွားတဲ့ စစ်ဘေးရှောင်နေအိမ်တွေ ပြန်လည် ဆောက်လုပ်ဖို့နဲ့ ပြုပြင်ဖို့အတွက် အမိုးအကာ၊ ဝါး၊ သစ်တွေ ဝယ်ယူဖို့ ငွေကြေး အကူအညီ လိုအပ်နေသလို ဆေးဝါးလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

“လုံးဝ ပျက်စီးသွားတဲ့အိမ်တွေ ရှိတယ်။ အဲလိုအိမ်တွေဆို အသစ်ကနေ ပြန်ဆောက်ရမယ်။ နည်းနည်းပါးပါး ပျက်စီးသွားတဲ့ အိမ်တွေဆို ပြုပြင်ဖို့လိုမယ်။ ပြီးတော့ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ လိုမယ်။ ဒါတွေ ဝယ်ယူဖို့အတွက် ကျနော်တို့မှာ ငွေကြေး လိုအပ်နေတယ်” ဆိုပြီး စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာ မြစ်ရေဟာ ပြန်လည် ကျဆင်းပေမဲ့ မိုးဆက်လက် ရွာသွန်းနေတာကြောင့် ရေဘေးသင့်သူ စစ်ရှောင် ၆၀၀ ကျော်ဟာ ကျေးရွာခန်းမဆောင်၊ စာသင်ကျောင်းမှာ ပြောင်းရွှေ့နေထိုင်ရပါတယ်။

အဲဒီရေဘေးသင့်သူတွေဟာ လက်ရှိအချိန်ထိ အကူအညီ မရသေးတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါး အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။