အိုက်ပွီး၊ ဇူလိုင် ၁၆ ရက်၊ မလေးရှား

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ဆီရီကန်ဘာကန်မှာ မြန်မာ ရိုဟင်ဂျာ ၃၃၅ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၄၉၆ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် ရိုဟင်ဂျာလူမျိုးအသိုင်းအဝိုင်းဆီက သိရပါတယ်။

ရိုဟင်ဂျာနဲ့ နိုင်ငံခြားသားတွေ အများစု နေထိုင်တဲ့ ဆီရီကန်ဘာကန်မှာ မနေ့ ဇူလိုင် ၁၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ဌာနပေါင်းစုံက စစ်ဆေးရာ ဖမ်းဆီးခံရတာပါ။

“အွန်လိုင်း လောင်းကစားဝိုင်းတွေ လှုပ်ရှားမှုတွေကြောင့် တိုင်ကြားချက်ရယ်၊ မကြာခဏဆိုသလို မူးရူးသောက်စားပြီး ရန်ဖြစ်ပြဿနာတက်တဲ့ တိုင်ကြားချက်ကြောင့် အာဏာပိုင်အဖွဲ့တွေက လာရောက် စစ်ဆေးသွားတာပါ” ဆိုပြီး လူမူကူညီဆောင်ရွက်ပေးသူ ရိုဟင်ဂျာ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီစစ်ဆေးမှုကြောင့် မြန်မာ ရိုဟင်ဂျာ အမျိုးသား ၂၇၅ ဦး၊ အမျိုးသမီး ၈၀ ဦး၊ ကလေး ၃၀ အပါအဝင် အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား စုစုပေါင်း ၄၉၆ ဦး ဖမ်းဆီးခံရတယ်လို့ လဝကက ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေကို ဆက်လက် စစ်ဆေးကာ အရေးယူနိုင်ရေးအတွက် ကွာလာလမ်ပူမြို့ လူဝင်မှုကြီးကြပ်ရေးဌာန စမုန်ညင်းကန့်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားတဲ့ မလေးရှားနိုင်ငံဟာ ဒီနှစ် ၂၀၂၅-၂၀၂၆ ဟာ ခရီးသွားတဲ့နှစ်ဖြစ်သလို ဖမ်းဆီးမှုတွေ ပိုမိုပြုလုပ်လာနိုင်ပြီး အနေအထိုင် မဆင်ခြင်ရင် ဖမ်းဆီးမှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“အခုနှစ် မလေးရှားက အဆီယံဥက္ကဋ္ဌတာဝန် ယူထားတာဖြစ်တယ်။ ဒါကြောင့် မလေးရှားမှာ မကြာခဏ အာဆီယံ အစည်းအဝေးတွေ ပြုလုပ်တယ်။ အဲလိုအခြေအနေမျိုးမှာ လုံခြုံရေးအတွက် တရားမဝင် နိုင်ငံခြားသားတွေ စစ်ဆေးဖမ်းဆီးမှုတွေ ပိုလုပ်လာနိုင်သလို အနေအထိုင် မဆင်ခြင်ရင် ဖမ်းဆီးမှုက ပိုကြမ်းလာနိုင်တယ်။ ဖမ်းဆီးက အခုထိ ရှိနေဆဲပါ။ အထူးသဖြင့် နိုင်ငံခြားသားတွေ နေထိုင်တဲ့နေရာတွေ၊ ပတ်ဝန်းကျင် တိုင်ကြားခံရတဲ့နေရာတွေပါ” လို့ လူမှုကူညီရေးဆောင်ရွက်ပေးသူ မြန်မာတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာလည်း ကွာလမ်လာပူမြို့အပါအဝင် မလေးရှား မြို့ကြီးတွေမှာ တရားမဝင် နိုင်ငံခြားသားတွေကို အာဏာပိုင်အဖွဲ့က စစ်ဆးဖမ်းဆီးမှု ဆက်တိုက် ပြုလုပ်နေပြီး မြန်မာအပါအဝင် နိုင်ငံခြားသားတွေ ထောင်နဲ့ချီ ဖမ်းဆီးခံရပါတယ်။

ဖမ်းဆီးခံရတဲ့ တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးထောင်ချကာ အရေးယူဆောင်ရွက်တာ မပြုလုပ်တော့ဘဲ ၁၀ ရက်အတွင်း နေရပ်ပြန်ပို့မယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်က ဇူလိုင် ၉ ရက်က ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။