ဓာတ်ပုံ- The India Today

အိုက်ပွီး၊ ဇန်နဝါရီ ၁၆ ရက်၊ အိန္ဒိယ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Mamit ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး- CNF/CNA ရဲ့ ခေါင်းဆောင်တစ်ဦးအပါအဝင် ၅ ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိတယ်လို့ မီဇိုရမ် ရဲတပ်ဖွဲ့က ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ AK-47 ရိုင်ဖယ် ၆ လက်၊ ကျည်အိမ် ၁၃ ခု၊ ကျည်ဆန်မျိုးစုံ ၁ ထောင်ကျော်ဖြစ်ပြီး ဖမ်းဆီးရမိတဲ့ CNF/CNA ခေါင်းဆောင်တစ်ဦးနဲ့ တပ်ဖွဲ့ဝင်တွေကိုတော့ နာမည်၊ ရာထူး ဖော်ပြထားခြင်း မရှိပါဘူး။

ဒါ့အပြင် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တစ်ကောင်း တောင်တန်းဒေသမှာ လှုပ်ရှား​နေတဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ဆီ ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထက်နီကို ရွှေဖီမြေက ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ မီဇိုရမ်ပြည်နယ်အတွင်း ပမာဏအများဆုံး လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုထဲက တစ်ခုဖြစ်သလို ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို မီဇိုရမ်ပြည်နယ် Mamit ခရိုင် Phaileng ရဲစခန်းမှာ အမှုဖွင့်ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှု ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။