ပို့လဘား၊ စက်တင်ဘာ ၂၅ ရက်၊ ရွှေလီ
တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့ ခါနန်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၇ နှစ်ရှိတဲ့ မောင်ဘရန်းဒီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက် ညသန်ခေါင် ၁ နာရီဝန်းကျင်မှာ ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ခုန်ချခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဘာကြောင့်ခုန်ချရတဲ့အကြောင်းရင်းတော့ မသိရပါဘူး။ ရွှေလီမြစ်ဘေးတစ်လျှောက် ကျနော်တို့ ရှာဖွေနေတုန်းပဲ။ အခုနမ့်ခမ်းဘက်က ရွှေလီမြစ်မှာ လာရှာနေတယ်။ သူ့အလောင်းမတွေ့သေးဘူး” လို့ ပြောပါတယ်။
အဆိုပါ မောင်ဘရန်းဒီးဟာ ရွှေလီမြို့ထဲကို အလုပ်လာလုပ်တာ ၅ နှစ်ဝန်းကျင်ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလမှာလည်း တရုတ်ပြည်ကနေ ပြန်လာတဲ့ နမ့်ခမ်းကအမျိုးသမီးတစ်ဦး ရွှေလီမြစ်ထဲ ခုန်ချရာကနေ ရေနစ်သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။