ဓာတ်ပုံ – Local

အိုက်ပွီး၊ ဖေဖော်ဝါရီ ၂၂ ရက်၊ မလေးရှား

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်းမြို့ မဲရူးဈေးကြီးမှာ မြန်မာနိုင်ငံသား ၅၃၀ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၆၃၀ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေဟာ မြန်မာ ၅၃၀ ဦး၊ ဘင်္ဂလားဒေ့ရှ် ၈၅ ဦး၊ အင်ဒိုနီးရှား ၉ ဦး၊ အိန္ဒိယ ၅ ဦးနဲ့ နီပေါ ၁ ဦးတို့ ဖြစ်ပါတယ်။

အဲဒီထဲမှာ အမျိုးသမီးနှစ်ဦး ပါဝင်ပြီး ဖမ်းဆီးခံရသူတွေဟာ အသက် ၁၇ နှစ်မှ ၅၇ နှစ်ကြား ဖြစ်ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၅ နာရီက ကလန်းမြို့ မဲရူးစျေးကြီးမှာ အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေ မလေးရှားအာဏာပိုင်တွေက ဝင်ရောက် စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

“မဲရူးစျေးမှာ နိုင်ငံခြားသားတွေ စျေးရောင်းတာတွေ၊ အလုပ် လုပ်ကိုင်တာတွေ အရမ်းများတယ်။ အများစုကတော့ အထောက်အထား မရှိကြဘူး။ အဲဒါတွေကြောင့်လည်း နိုင်ငံသားတွေက မကြိုက်ဘူး။ ဒါကြောင့် ဝင်စစ်ဆေးတာပါ။ အထောက်အထား မပြည့်စုံသူတွေက တစ်ခါတည်း ဖမ်းဆီးခံရတာပါ” လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တရားမဝင် နေထိုင်တာ၊ အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်တာတွေကြောင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ ဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့ ဆလန်ဂေါ လဝကဘက်က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် ညကလည်း ထိုင်း-မလေးရှားနယ်စပ် တစ်နေရာမှာ မလေးရှားကို ဝင်ရောက်လာတဲ့ ကလေးအပါအဝင် မြန်မာနိုင်ငံသား ၂၉ ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။