ဓာတ်ပုံ – Local

အိုက်ပွီး၊ ဖေဖော်ဝါရီ ၂၂ ရက်၊ မလေးရှား

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်းမြို့ မဲရူးဈေးကြီးမှာ မြန်မာနိုင်ငံသား ၅၃၀ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၆၃၀ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေဟာ မြန်မာ ၅၃၀ ဦး၊ ဘင်္ဂလားဒေ့ရှ် ၈၅ ဦး၊ အင်ဒိုနီးရှား ၉ ဦး၊ အိန္ဒိယ ၅ ဦးနဲ့ နီပေါ ၁ ဦးတို့ ဖြစ်ပါတယ်။

အဲဒီထဲမှာ အမျိုးသမီးနှစ်ဦး ပါဝင်ပြီး ဖမ်းဆီးခံရသူတွေဟာ အသက် ၁၇ နှစ်မှ ၅၇ နှစ်ကြား ဖြစ်ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၅ နာရီက ကလန်းမြို့ မဲရူးစျေးကြီးမှာ အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေ မလေးရှားအာဏာပိုင်တွေက ဝင်ရောက် စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

“မဲရူးစျေးမှာ နိုင်ငံခြားသားတွေ စျေးရောင်းတာတွေ၊ အလုပ် လုပ်ကိုင်တာတွေ အရမ်းများတယ်။ အများစုကတော့ အထောက်အထား မရှိကြဘူး။ အဲဒါတွေကြောင့်လည်း နိုင်ငံသားတွေက မကြိုက်ဘူး။ ဒါကြောင့် ဝင်စစ်ဆေးတာပါ။ အထောက်အထား မပြည့်စုံသူတွေက တစ်ခါတည်း ဖမ်းဆီးခံရတာပါ” လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တရားမဝင် နေထိုင်တာ၊ အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်တာတွေကြောင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ ဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့ ဆလန်ဂေါ လဝကဘက်က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် ညကလည်း ထိုင်း-မလေးရှားနယ်စပ် တစ်နေရာမှာ မလေးရှားကို ဝင်ရောက်လာတဲ့ ကလေးအပါအဝင် မြန်မာနိုင်ငံသား ၂၉ ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ဖမ်းဆီးထောင်ချခံရတဲ့ ချင်းလူမျိုးတွေ အစာငတ်ခံ ဆန္ဒပြ

အိန္ဒိယနိုင်ငံ အာသံပြည်နယ်က အကျဥ်းထောင်မှာ အကျဥ်းကျခံရတဲ့ မြန်မာနိုင်ငံသား ချင်းလူမျိုး ၃၂ ဦးဟာ လွတ်မြောက်ဖို့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေကြတယ်လို့ India For Myanmar တာဝန်ရှိသူတွေဆီက သိရပါတယ်။

အိန္ဒိယမှာ ချင်းတပ်မတော် ခေါင်းဆောင်တစ်ဦးအပါအဝင် ၅ ဦး လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Mamit ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး- CNF/CNA ရဲ့ ခေါင်းဆောင်တစ်ဦးအပါအဝင် ၅ ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိတယ်လို့ မီဇိုရမ် ရဲတပ်ဖွဲ့က ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အယောက် ၆၀ ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်အာလောနဲ့ ဘူကစ်ဘင်တန်းမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသမီး အမျိုးသားအပါအဝင် ၆၀ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။

မီဇိုရမ်က ပလက်ဝ စစ်ရှောင်စခန်းမှာ လသားအရွယ်ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ဖြစ်ပွားနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောက်တလိုင်ခရိုင် ကာကီရွာက ပလက်ဝ စစ်ဘေးရှောင်စခန်းမှာ ၈ လသားအရွယ် ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ကူးစက်ခံထားရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။