ဓာတ်ပုံ – Facebook

အိုက်ပွီး၊ ဇန်နဝါရီ ၂၃ ရက်၊ မလေးရှား

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်အာလောနဲ့ ဘူကစ်ဘင်တန်းမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသမီး အမျိုးသားအပါအဝင် ၆၀ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။

နိုင်ငံခြားသားနဲ့ လူစည်ကားတဲ့နေရာ၊ အလုပ် လုပ်ကိုင်နေကြတဲ့ နေရာတွေကို မနေ့ ဇန်နဝါရီ ၂၂ ရက် ည ၇ နာရီ ၁၅ မိနစ်မှာ မလေးရှား ရဲတပ်ဖွဲ့၊ လဝကနဲ့ အာဏာပိုင်အဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၆၀ ဦး ဖမ်းဆီးခံရတာပဲ ဖြစ်ပါတယ်။

“အခု ဖမ်းဆီးခံရတဲ့နေရာမှာ မြန်မာဆိုင်တွေ ချင်းဆိုင်တွေ များတယ်။ ပြီးတော့ တရုတ် စားသောက်ဆိုင်မှာလုပ်တဲ့ ဝန်ထမ်းတွေကလည်း မြန်မာတွေ များတယ်။ KL မှာ အထင်ကရ၊ လူစည်ကားတဲ့နေရာလည်းဖြစ်တယ်။ နိုင်ငံခြားသားတွေလည်း များတယ်။ အဲဒါကြောင့် စစ်ဆေးသွားတာဖြစ်မယ်” လို့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မြန်မာနိုင်ငံသား ၆၀ ဦးအပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၁ ဦး၊ အင်ဒိုနီးရှား ၂၄ ဦး၊ နီပေါ ၁၆ ဦး၊ ပါကစ္စတန် ၃ ဦး၊ အီဂျစ် ၁ ဦးနဲ့ ဆူဒန် ၁ ဦးတို့လည်း ပါဝင်ပြီး ၎င်းတို့ကို ကွာလာလမ်ပူမြို့ လဝကရုံးမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)(ဂ)၊ ၁၅(၁)(ဂ) ၁၉၅၉၊ ၁၉၆၃ အပြင် ၃၉(ခ) ၁၉၆၃ နဲ့ စစ်ဆေးသွားမယ်လို့ မလေးရှား လဝက ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နဲ့ ၁၆ ရက်ကလည်း ပါဟန်းပြည်နယ်မှာ နိုင်ငံခြားသားတွေ အလုပ် လုပ်ကိုင်နေတဲ့ စိုက်ပျိုးရေးနယ်မြေမှာ မလေးရှားအာဏာပိုင်တွေက ဝင်ရောက် စစ်ဆေးပြီး မြန်မာနိုင်ငံသား ၁၄ ဦးအပါဝင် ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။