ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၇ ရက်၊ မီဇိုရမ်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောက်တလိုင်ခရိုင် ကာကီရွာက ပလက်ဝ စစ်ဘေးရှောင်စခန်းမှာ ၈ လသားအရွယ် ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ကူးစက်ခံထားရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကစလို့ ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်အထိ ရောဂါဖြစ်ပွားသူ အမျိုးသမီး ၂၃ ဦးနဲ့ ၈ လသားအရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသား ၁၉ ဦးတို့ ကူးစက်ခံထားရပါတယ်။

“အိမ်တစ်အိမ်မှာ တစ်ယောက် ဖြစ်လိုက်ပြီဆိုတာနဲ့ တစ်အိမ်လုံးလိုလို ဖြစ်နေတယ်။ ပြီးတော့ ဘေးအိမ်တွေကပါ ကူးစက်သွားတယ်။ ဒီရောဂါက ကူးစက်မှုကလည်း အရမ်းမြန်တယ်” လို့ ကာကီရွာက စစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကာကီရွာက ပလက်ဝ စစ်ဘေးရှောင်စခန်းမှာ ဆေးဝါးနဲ့ ကုသပေးမဲ့ ကျန်းမာရေးဝန်ထမ်း မရှိတာကြောင့် ကာလဝမ်းရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာသလို လူနာတွေကလည်း ပိုများလာတယ်လို့ သိရပါတယ်။

ရောဂါကူးစက်ခံရသူ လူနာအများစုဟာ အသက်မပြည့်သေးတဲ့ ကလေးနဲ့ အသက် ၅၀ ထက် အသက်ကြီးပိုင်းတွေမှာ အမြန်ဆုံး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“လူနာအများစုက ခုခံအားနည်းတဲ့သူတွေမှာအဖြစ်များတယ်ဆိုတော့ ဆေးကုသမှု မလုပ်ရင် သေဆုံးနိုင်ခြေ ရှိနိုင်တယ်။ လောဆယ် သေဆုံးမှုကတော့ မရှိသေးပါဘူး” ဆိုပြီး ကာကီရွာမှ စစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နဲ့ ၃ ရက်ကလည်း ကာလဝမ်းရောဂါကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဒိုးချောင်းဝရွာမှာ တစ်နှစ်အောက် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။