မြတ်နိုး၊ ဇန်နဝါရီ ၂၀ ရက်၊ ရွှေလီ

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ရောက် မြန်မာ အထည်ချုပ် လုပ်သားတွေကို နာရီပေါင်းများစွာ ဖိအားပေး စေခိုင်းတာကြောင့် အလုပ်သမား ၃ ဦးက စက်ရုံတိုက်ပေါ်ကနေ ခုန်ချခဲ့တယ်လို့ နယ်စပ်က လုပ်ငန်းရှင်နဲ့ အထည်ချုပ် အလုပ်သမားတွေဆီက သိရပါတယ်။

“အရင်တစ်ပတ်က ရွှေလီ အထည်ချုပ် စက်ရုံမှာ အလုပ်ကို မနက် ၃ နာရီအထိ လုပ်ခိုင်းလို့ အလုပ်သမား သုံးယောက် စက်ရုံ တိုက်ပေါ်ကနေ ခုန်ချသွားတယ်။ အထည် မပြည့်လို့ပေါ့” ဆိုပြီး နယ်စပ်မှ လုပ်ငန်းရှင်တ‌စ်ဦးက ပြောပါတယ်။

စက်ရုံမှာ အလုပ် ဆက်မလုပ်နိုင်လို့ ပြန်မယ်ဆိုရင်လည်း ငွေ​ ပြန်လျော်ခိုင်းတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အထည်ချုပ် အလုပ်သမားတစ်ဦးကလည်း “ဟုတ်တယ်။ အလုပ်သမား သုံးယောက်လို့ ကြားတယ်။ ကျမတို့ စက်ရုံမှာတော့ မဟုတ်ဘူး” လို့ ပြောပါတယ်။

စစ်ရုံဟာ လစာအပြည့် မပေးတာနဲ့ အချိန်ပိုကြေး မပေးတာအပြင် သူတို့ လိုချင်တဲ့ အထည်အရေအတွက် မပြည့်မချင်း အလုပ်သမားကို ဖိအားပေး လုပ်ခိုင်းလာနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“တရုတ်တွေကလည်း လွန်လွန်းတယ်‌။ တချို့က အရမ်းဆိုးဝါးလွန်းတယ်။ မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုရင် ဖြစ်သလိုပေးတယ်။ ရွှေလီမှာ ဒီလို စက်ရုံတွေ ဖွင့်ထားပြီး သူတို့ ခိုင်းစားချင်သလို ခိုင်းစားနေကြတယ်။ ဒီနယ်စပ်မှာမို့လို့ လူရှာရ လွယ်တာ။ သူတို့ တရုတ်ပြည်ကြီးမှာဆိုရင် အဲလို ဈေးပေါပေါနဲ့ အလုပ်သမား ရှာမရဘူး” လို့ ရွှေလီမှာ အလုပ် လုပ်နေတဲ့ နယ်စပ်ဒေသခံတစ်ဦးက ပြောပါတယ်။

တရုတ်ဘက်က တရားဝင် သတ်မှတ်ထားတဲ့ ပုံစံနဲ့ ဝင်လာသူတွေက သူတို့ ပြောသလို လုပ်ခလစာ မပေးရင် ဥပဒေအရ တိုင်ကြားလို့ရပေမဲ့ တစ်ခါသုံးကတ် (တစ်ပတ်ကတ်)နဲ့ ဝင်လာသူတွေတော့ အဲလို တရားစွဲဆိုဖို့ အဆင်မပြေဘူးလို့ ၎င်းက ရှင်းပြပါတယ်။

အလုပ်သမားတွေကို မတရား ခိုင်းစေတာ၊ လုပ်အားခ ခေါင်းပုံဖြတ်တဲ့ ပြဿနာတွေက နှစ်နိုင်ငံ တာဝန်ရှိသူ ညှိနှိုင်းပေးမှသာ အဆင်ပြေမှာ ဖြစ်တာကြောင့် နှစ်နိုင်ငံက တာဝန်ရှိသူအနေနဲ့ ညှိနှိုင်းစေချင်တယ်လို့လည်း ရွှေလီရောက် မြန်မာလုပ်သားတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။