သတင်းဓာတ်ပုံ

လွေးဇွန်မိုး၊ မတ်လ ၈ ရက်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်နဲ့ နမ့်ဆန်မြို့နယ်ထဲက နေရာတချို့မှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပခဲ့ကြပါတယ်။

ဒီနေ့ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တအာင်းအမျိုးသမီးအဖွဲ့အစည်း- TWO နဲ့ PSLF/TNLA ရဲ့ အမျိုးသမီးဌာနက အခမ်းအနား ကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။

အခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံနဲ့ တအာင်းဒေသက အမျိုးသမီးတွေ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံနေရတဲ့ အခြေအနေကို ရှင်းပြခဲ့ပြီး ပဟေဋိ ဥာဏ်စမ်းမေးခွန်း အမေးအဖြေကဏ္ဍလည်း လုပ်ဆောင်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ၁၉၂၂ ခုနှစ်က သတ်မှတ်ခဲ့တာဖြစ်ပြီး ဒီနေ့ကတော့ (၁၀၃)နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမြို့ပေါ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ နာရေးမြင်ကွင်း

မနေ့ ဇွန်လ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လူနေထူထပ်တဲ့ ကျောက်မဲမြို့ပေါ် ရပ်ကွက်-၇ နဲ့ ရပ်ကွက်- ၃ ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပါတယ်။

သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ရွှေဖီမြေက ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ ​မြင်ကွင်းတွေ ဖြစ်ပါတယ်။

နောင်ပိန်ရွာမှာ စစ်ကောင်စီထိုးစစ်ကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေဆဲ

စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက်နေ့ကနေ စတင်ဖြစ်ပွါးနေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ တိုက်ပွဲဟာ ဒီနေ့ ဩဂုတ် ၂၆ရက်အထိ အပြင်းအထန်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်းခမ်းစစ်မြေပြင် မြင်ကွင်း

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(PSLF/TNLA) တို့အကြား ၆လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးရှိ ရှေ့တန်းစစ်မြေပြင်မှာ ရွှေဖီမြေက သွားရောက်မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။