သတင်းဓာတ်ပုံ

မိုင်းအနိုင်၊ မိုင်းရူပ၊ မတ်လ ၂၂ ရက်

တအာင်းတပ်မတော်-TNLA နဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA/DPLF ရဲ့ စစ်သင်တန်းပေးနေတဲ့ ပုံရိပ်တွေဖြစ်ပါတယ်။

အခြေခံစစ်သင်တန်းကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်နေပြီး ဒီသင်တန်းဟာ DPLA ရဲ့ အခြေခံစစ်သင်တန်းအပတ်စဥ် (၆) ဖြစ်ပြီး အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။

အပတ်စဥ် (၆) စစ်သင်တန်းမှာ DPLA ထံ ဆက်သွယ်ပြီး ရောက်လာတဲ့ လူငယ်တွေပါဝင်သလို့ တပ်သားသစ်စုဆောင်းထားတဲ့သူတွေလည်းပါဝင်တယ်လို့ DPLA ရဲ့ အတွင်းရေးမှူး ကိုကြေးမှုံက ရွှေဖီမြေကို ပြောပါတယ်။

DPLA အနေနဲ့ ဓနုလူမျိုးကို ကိုယ်စားပြုတဲ့ တပ်ဖြစ်ဖို့ ကြိုးစားနေပြီး ဓနုလူမျိုးတွေ အများဆုံးနေထိုင်တဲ့ ရှမ်းတောင်က ရပ်စောက်၊ ရွာငံနဲ ကလောမြို့နယ်တွေမှာ အခြေချလှုပ်ရှားနိုင်ဖို့လည်း ကြိုးစားနေပါတယ်။

လက်ရှိ DPLA ဟာ နောင်ချိုမြို့နယ် တောင်ခမ်းတိုက်ပွဲမှာ TNLA နဲ့အတူ ပါဝင်တိုက်ခိုက်နေသလို ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာလည်း စစ်ကောင်စီနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ် ၇ ရက်မှာ DPLA ကို ဓနုလူငယ်တွေ စတင်ခဲ့တဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိမှာ DPLA က အင်အားထောင်နဲ့ချီ ရှိနေပြီဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမြို့ပေါ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ နာရေးမြင်ကွင်း

မနေ့ ဇွန်လ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လူနေထူထပ်တဲ့ ကျောက်မဲမြို့ပေါ် ရပ်ကွက်-၇ နဲ့ ရပ်ကွက်- ၃ ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပါတယ်။

သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ရွှေဖီမြေက ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ ​မြင်ကွင်းတွေ ဖြစ်ပါတယ်။

နောင်ပိန်ရွာမှာ စစ်ကောင်စီထိုးစစ်ကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေဆဲ

စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက်နေ့ကနေ စတင်ဖြစ်ပွါးနေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ တိုက်ပွဲဟာ ဒီနေ့ ဩဂုတ် ၂၆ရက်အထိ အပြင်းအထန်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်းခမ်းစစ်မြေပြင် မြင်ကွင်း

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(PSLF/TNLA) တို့အကြား ၆လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးရှိ ရှေ့တန်းစစ်မြေပြင်မှာ ရွှေဖီမြေက သွားရောက်မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။