အိုက်ပွီး၊ မေလ ၃၀ ရက်၊ မလေးရှား

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ဆလာယန်းမြို့မှာ မြန်မာနိုင်ငံသား ၁ထောင်ကျော်အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၄၀၀ကျော် ဖမ်းဆီးရမိတယ်လို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနက ဒီနေ့ မေလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မနေ့ မေလ ၂၉ ရက်နေ့၊ ညတွင် နိုင်ငံခြားသားအများစု နေထိုင်ကြတဲ့ ဆလာယန်းမြို့က နေအိမ်တိုက်ခန်းတွေမှာ လဝကနဲ့ ဌာနပေါင်းစုံတွေက ဝင်ရောက်စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

“အခုဖမ်းတဲ့ တိုက်ခန်းတွေမှာ မြန်မာတွေနေထိုင်တာများတယ်။ မနေ့ညက ဖမ်းတဲ့ထဲမှာလည်း မြန်မာတွေအများဆုံးပဲ။ ကလေးတွေ၊ လူကြီးတွေရော အကုန်ပါသွားတယ်။ တိုင်ကြားချက်ကြောင့် စစ်ဆေးတာမျိုး မဟုတ်တော့ဘဲ နိုင်ငံခြားသားတွေများလို့ စစ်ဆေးသွားတာပါ။ အဲမှာအထောက်အထားမရှိသူတွေ ဖမ်းဆီးခံရတာ။”လို့ မလေးရှားရောက် မြန်မာတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာ ၁၂၂၂ ဦးနဲ့ အများဆုံးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ၁၄၂ ဦးနဲ့ ဒုတိယအများဖြစ်ကာ အိန္ဒိယ ၉ ဦး၊ အင်ဒိုနီးရှား ၂ ဦး နဲ့ နီပေါတို့ဖြစ်ပြီး ၎င်းတို့ထဲမှာ အမျိုးသမီး၊ ကလေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူထဲက မြန်မာတချို့ဟာ ဒီနေ့ မေလ ၃၀ ရက်နေ့ မနက်မှာ ပြန်လွတ်လာသူတွေရှိသလို အများစုဟာ ပြန်မလွတ်လာကြသေးဘဲ ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။

“မနေ့ညက ဖမ်းဆီးခံရတဲ့ထဲမှာ ဒုက္ခသည်(UN) ကတ် ကိုင်ဆောင်ထားသူတွေလည်းပါတယ်။ သူတို့တွေက ဒီနေ့မနက်မှာ ပြန်လွတ်ကြတယ်။ တချို့က အလုပ်သူဌေးကနေ ရွေးထုတ်ပေးလို့ ပြန်လွတ်ကြတယ်။ တချို့ကျတော့လည်း အဖွဲ့အစည်းကနေ ထုတ်ပေးတယ်။ လူအများစုက ပြန်မလွတ်လာကြသေးဘူး။”လို့ မလေးရှားရောက် မြန်မာတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေ ပြစ်ဒဏ်ကျခံစရာမလိုတော့ဘဲ တရားဝင် နေရပ်ပြန်လာနိုင်ဖို့ မလေးရှားအစိုးရက ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ကစပြီး ခွင့်ပြုထားပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေ တစ်နိုင်ငံအတိုင်းအတာနဲ့ ဖမ်းဆီးမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။