ဓာတ်ပုံ- CJ

အိုက်ပွီး၊ သြဂုတ် ၆ ရက်၊ မီဇိုရမ်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။

မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိနေသူတွေ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် ပြည်နယ်အစိုးရက ပြုလုပ်တဲ့ စီမံကိန်း ဖြစ်တာကြောင့် ကောက်ယူထားတဲ့ အချက်လက်တွေကို ဘယ်သူ့ဆီမှ ပို့ပေးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

“အချက်အလက် ကောက်ယူသူတွေက အရင်ဆုံး ရှင်းပြတယ်။ ကောက်ယူထားတဲ့ အချက်အလက်တွေကို လျှို့ဝှက်မယ်။ ဘယ်သူဆီမှလည်း မပို့ဘူး။ မစိုးရိမ်ကြပါနဲ့ ပြောတယ်။ မီဇိုရမ် ရောက်နေကြတဲ့သူတွေ လုံခြုံမှုပေးဖို့ ကောက်ယူတာလို့ပြောတယ်” လို့ လောင်တလိုင်ခရိုင်မှ မြန်မာစစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေ နေထိုင်တဲ့ လုံလေ၊ ကျန်ဖိုင်၊ လောင်တလိုင်၊ အိုင်ဇော်လ်၊ ဆိုင်ဟား၊ Serchhip၊ Saitual၊ Khawzawl၊ Mamit၊ Kolasib Kolasib၊ Hnahthial စတဲ့ ခရိုင် ၁၁ ခုမှာ ကောက်ယူနေပြီ ဖြစ်ပါတယ်။

ဇီဝအချက်အလက်တွေ ကောက်ယူရာမှာ အသက် ၂ နှစ်အထက် ရှိသူတွေကို ကောက်ယူတာပဲ ဖြစ်ပါတယ်။

နေရပ်လိပ်စာ၊ နာမည်၊ အလုပ်အကိုင်၊ မိဘနာမည်၊ မွေးသက္ကရာဇ်၊ မြန်မာမှတ်ပုံတင်ကတ်၊ လက်ဗွေ၊ မျက်ကြည်လွှာ၊ ခန္ဓာကိုယ်အမှတ်အသား၊ မီဇိုရမ်ရောက်တဲ့ ရက်၊ ဓာတ်ပုံတွေ ရိုက်ယူတာ စတာတွေကို ကောက်ယူတာ ဖြစ်ပါတယ်။

“အသက် ၂ နှစ်နဲ့အထက် အားလုံးရဲ့ နာမည်၊ နေရပ်လိပ်စာ၊ မိဘအမည်၊ မွေးသက္ကရာဇ် စတာတွေ အကုန်ပေးရတယ်။ ပြီးတော့ လက်ဗွေတွေ နှိပ်ရတယ်၊ ခန္ဓာကိုယ် အမှတ်သားတွေ ပြရတယ်။ မြန်မာမှတ်ပုံတင် ပြရတယ်” လို့ ကျန်ဖိုင်ခရိုင်မှ မြန်မာစစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဇီဝအချက်အလက်တွေကို သြဂုတ်လကုန်အထိ ကောက်ယူသွားမယ်လို့ ဆိုပါတယ်။

ကျန်ဖိုင်ခရိုင်မှာ မြန်မာစစ်ဘေးရှောင် ၁၃,၅၈၆ ဦးရှိပြီး ဇီဝအချက်အလက် ကောက်ယူရာမှာ နည်းပညာပိုင်းနဲ့ စက်ကိရိယာ အခက်အခဲတချို့ကြောင့် အနည်းအကျဉ်းသာ ကောက်ယူနိုင်သေးတယ်လို့ ဆိုပါတယ်။

လောင်တလိုင်ခရိုင်က Kannan Refugee Camp မှာ လူဦးရေ ၁၅၂ ဦး ဇီဝအချက်အလက်တွေ ကောက်ယူပြီးစီးနေပြီး ဆက်လက် ကောက်ယူနေပါတယ်။

မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင် ၃၂,၅၀၄ ဦး နေထိုင်တယ်လို့ သြဂုတ် ၄ ရက်က အိန္ဒိယသတင်းတွေမှာ ဖော်ပြတဲ့ အချက်လက်တွေအရ သိရပါတယ်။

အဲဒီထဲမှာ ကျန်ဖိုင်ခရိုင်ဟာ မြန်မာစစ်ဘေးရှောင် အများဆုံးနဲ့ လောင်တလိုင်ခရိုင်၊ ဆိုင်ဟား ခရိုင်တို့မှာ ဒုတိယအများဆုံး နေထိုင်တယ်လို့ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်နိုင်ငံ ရွှေလီမြို့မှာ ရည်းစားကိစ္စနဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၂ဦးက အမျိုးသမီး ၁ဦးကို လမ်းမပေါ် ညလုံးပေါက် အပြင်းအထန်ရိုက်နှက်ထိုးကြိတ်ခဲ့

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား လူငယ်အရွယ် အမျိုးသမီးငယ် ၂ဦးက ရည်းစားကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးငယ် ၁ဦးကို လမ်းမပေါ်မှာ ညလုံးပေါက် ပြင်းပြင်းထန်ထန်ရိုက်နှက်ထိုးကြိတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့ခဲ့ပါတယ်။