ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၁၇ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကဋေမှော်မှာ မြေစာပုံပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိပေမယ့် ပျောက်ဆုံးသေဆုံးမှု မတွေ့ရဘူးလို့ ဖားကန့် ပရဟိတအဖွဲ့ဝင်တွေထံက သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၆ ရက် ည ၉ နာရီခွဲဝန်းကျင်မှာ လုံးခင်းအုပ်စုထဲက အဲဗားကုမ္ပဏီရဲ့လုပ်ကွက်တစ်ခုမှာ မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရဲ့ အရေအတွက်ကိုတော့ လက်ရှိအချိန်အထိ မသိရဘူးလို့ ဆိုပါတယ်။

ဖားကန့်က ပရဟိတအဖွဲ့ဝင်တစ်ဦးက “ဒဏ်ရာရတဲ့သူတွေကတော့ ရှိတယ်။ သူ့ဟာသူ ရေကူးပြီးမှ လွတ်မြောက်တာ။ သူ့ဟာသူဆေးခန်းသွားပြကြတာဆိုတော့ အရေအတွက်တော့ မပြောပြနိုင်ဘူးဖြစ်နေတယ်။ သေဆုံးသူစားရင်းမရှိဘူးဆိုတာလည်း ဥပမာ မိသားစုဝင်တွေပါသွားလို့ သူငယ်ချင်းနှစ်ယောက်ထဲက တစ်ယောက်ပျောက်သွားလို့ အဲလို အကူအညီလာတောင်းတာလည်း မရှိတော့ သေဆုံး ပျောက်ဆုံးသူ‌ မရှိဘူးလို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အဲဗားကုမ္ပဏီဘက်ကလည်း လုပ်ငန်းပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့နယ်ရှိ ကျောက်လုပ်ကွက်တွေမှာ အခုလို မြေစာပုံပြိုကျပိမိပြီး လူထိခိုက်သေဆုံးတာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှာလည်း လုံခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ စိန်စိန်ကုမ္ပဏီရဲ့ လုပ်ကွက်ဟောင်းအတွင်းမှာ မြေစာပုံ ပြိုကျခဲ့တာကြောင့် အမျိုးသား ၂ ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။