ဓာတ်ပုံ – Local (တန့်ယန်းမြို့တွင်း တစ်နေရာ)

ဆုမွန်၊ ဖေဖော်ဝါရီ ၁၁ ရက်၊ တန့်ယန်း

ရှမ်းမြောက် တန့်ယန်းမြို့နယ်ထဲက ကျေးရွာအုပ်စုတချို့မှာ စစ်ကောင်စီတပ်က တပ်သားသစ် ခေါ်ယူစုဆောင်းနေတာကြောင့် လူထု‌တွေ အခက်ကြုံတွေ့နေရကြောင်း တန့်ယန်းမြို့နေ အမျိုးသမီးတစ်ဦး ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ စစ်ကောင်စီတပ်က လူစုပေးဖို့ ကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ယူကာ ပြောဆိုခဲ့တာဖြစ်ပြီး စစ်မှုထမ်းဖို့အတွက် လူမရှိရင် လူအစားထိုးဖို့ အုပ်ချုပ်‌ရေးမှူးတွေဆီ ငွေကောက်ခံနေကြောင်း ဟိုတာအုပ်စုနေ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာဥက္ကဌက လူမရှိတော့ဘူးလို့ သူတို့ကိုပြောတာကို သူတို့ ပြန်ခြိမ်းခြောက်တာရှိတယ်။ ရွာခံတွေက မြို့ထဲသွားတဲ့အချိန်ကျရင် သူတို့မှတ်ပုံတင်‌တွေစစ်ပြီး တွေ့သမျှလူကို ခေါ်သွားမယ်တဲ့။ သူတို့ခေါ်သွားချင်တဲ့သူကို ခေါ်သွားမယ်။ လူမရှိဘူးဆိုရင် တစ်ရွာကို ပိုက်ဆံ ၃သိန်းပေးရမယ်တဲ့” ဆိုပြီး ဟိုတာအုပ်စုနေ ဒေသခံတစ်ဦးက ပြောပါတယ်။

တပ်သားသစ်အတွက် စာရင်းကောက်ခံတဲ့ အုပ်စုထဲမှာ ဟိုတာအုပ်စု၊ လွယ်ဆိုင်အုပ်စု ၊ ပန်ယာယုံးရွာ၊ ပန်မောင်‌ကျေးရွာ၊ ပန်ဝကျေးရွာတို့ဖြစ်ပြီး ကျေးရွာတစ်ရွာကို အနည်းဆုံး အယောက်၂၀၀ နဲ့ ၂၅၀ ကြား လာရောက်စစ်မှုထမ်းဖို့ ခေါ်ယူနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၉ ရက်မှာလည်း တန့်ယန်းမြို့ပေါ်က ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းကြေးအတွက်ဆိုပြီး တစ်အိမ်ကို ငွေ ၃ သောင်း ကောက်ခံနေကြောင်း နောက်ထပ် တန့်ယန်းမြို့နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“မနေ့ ရပ်ကွက် (၃) မှာ လိုက်ကောက်နေတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေက ဦးဆောင်ပြီး ကောက်ပေးတယ်။ တစ်အိမ်ဝင်တစ်အိမ်ထွက်လုပ်ပြီး လိုက်ကောက်တယ်။ အိမ်ထောင်စုမပေါက်တဲ့ တခြားရပ်ကွက်ကနေ ဈေးဆိုင်လာဖွင့်တဲ့သူတွေကိုလည်း သူတို့ကောက်တယ်။ တခြားရပ်ကွက်မှာ သူတို့ဘယ်လောက်ကောက်လဲတော့ မသိဘူး။ သူတို့ပြောတာ‌တော့ ရပ်ကွက် (၃) က အိမ်ထောင်စုနည်းလို့ ၃ သောင်းပဲကောက်တယ်”

တန့်ယန်းမြို့နယ်ထဲက ဟိုတာ‌ကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလတုန်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ကလည်း စစ်မှုထမ်းဖို့ လာရောက်ခေါ်ယူတာတွေ ရှိတယ်လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

“အရင်က TNLA တွေ ကောက်တယ်။ အခုက TNLA တွေ မရှိတော့ “ဝ”တွေ လာကောက်တယ်။ သူတို့ပြီးတော့ SSPP တွေ လာကောက်ပြန်ပြီ။ အခုကျ စစ်တပ်ဖြစ်ပြန်ပြီ။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ပဲ လာကောက်နေကြတာ။ လူတောင်မရှိတော့ဘူး” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း တန့်ယန်းမြို့နယ်ထဲက ဟိုတာအုပ်စု၊ နားဟုတ်အုပ်စု၊ လုံမိုင်အုပ်စု၊ နောင်ဖာအုပ်စု၊ နမ့်ဟူးအုပ်စု၊ မိုင်းကျိုင်အုပ်စု၊ ပန်ညောင်အုပ်စု၊ နောင်လိုင်အုပ်စု၊ နမ့်မူဆယ်အုပ်စု၊ ပါဆန်အုပ်စု စတဲ့ကျေးရွာအုပ်စုတွေမှာ “ဝ”တပ် UWSA က ကျေးရွာတစ်ရွာကို အနည်းဆုံး လူ ၃၀ နဲ့ ၅၀ ကြား လာရောက်စစ်မှုထမ်းဖို့ ခေါ်ယူတာ ရှိခဲ့ဖူးပါတယ်။

တန့်ယန်းမြို့နယ်မှာ စစ်ကောင်စီတပ်အပြင် SSPP တပ်နဲ့ “ဝ”တပ်ဖွဲ့ UWSA တို့လည်း သွားလာလှုပ်ရှားတဲ့ နေရာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။