ဓာတ်ပုံ – CJ

လက်ဖက်၊ ဇန်နဝါရီ ၂၀ ရက်၊ ပြင်ဦးလွင်

‎မန္တလေးတိုင်း ပြင်ဦးလွင်မြို့က မြေပိုင်ရှင်တချို့ကို စစ်ကောင်စီနဲ့ဌာနဆိုင်ရာတွေက နေအိမ်နဲ့ခြံဝန်း မဖျက်စေလိုပါက ငွေကျပ် သိန်း ၅၀ ပေးဖို့ ပြောလာတာရှိကြောင်း စာပို့ခံရသူနဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က ပြင်ဦးလွင် အနီးစခန်း ဘူတာလမ်းခွဲ ကျွဲနွားထောက်အနီးရှိ အုတ်တံတိုင်းတွေကို လမ်းနယ်နဲ့မလွှတ်တာနဲ့၊ မြို့ပြစီမံကိန်းထဲပါတယ်ဆိုပြီး ဌာနဆိုင်ရာနဲ့ စစ်ကောင်စီတပ်က မြေတူးစက်နဲ့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

‎၎င်းနေရာတွေကို မနေ့ဇန်နဝါရီ ၁၉ ရက် အထိ ဖျက်ဆီးနေသလို ဖျက်ဖို့ကျန်နေသေးတဲ့ အုတ်တံတိုင်းနဲ့ နေအိမ်တွေကိုတော့ မဖျက်စေလိုပါက ပိုင်ရှင်တွေစီ စာပို့ပြီး ငွေတောင်းနေတာလို့ နီးစပ်သူ အမျိုးသားက ဆိုပါတယ်။

‎”သူတို့ ပို့တဲ့စာက တရားဝင်စာထုတ်တာ မဟုတ်ဘူး။ ဒီတိုင်းလျို့ဝှက်ပို့ပြီး ငွေတောင်းတာပါ။ ပိုင်ရှင်ကလည်း စိတ်မချတော့ မပေးရဲဘူး” လို့ ပြောပါတယ်။

‎ငွေတောင်းသူဟာ မြေယာဦးစီးဌာနက ဦးစီးမှူးဖြစ်ကြောင်းပြောပြီး ဇန်နဝါရီ ၂၅ ရက်အထိ ငွေမပေးနိုင်ပါက ဖျက်ဆီးသွားမယ်လို့ ဆိုပါတယ်။

‎၎င်းမြေနေရာတွေဟာ တရားမဝင်မြေတွေဖြစ်ပြီး နိုင်ငံတော်ပိုင်မြေတွေဖြစ်လို့ ဖျက်စီးရတာဖြစ်ကြောင်း သက်ဆိုင်ရာနဲ့ နီးစပ်တဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့နေရပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်ကလည်း ပြင်ဦးလွင်မှာ ခွင့်ပြုချက်မရဘဲ မြေကွက်ရောင်းဝယ်ဖောက်ကားသူတွေကို အရေးယူမယ်လို့ ပြင်ဦးလွင် ခရိုင် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

‎ ~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။