ဓာတ်ပုံ – PDF တမူး

အလင်း၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တမူး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ညအချိန်မတော် တပ်သားစုဆောင်းမှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံအမျိုးသမီးတွေ စုပေါင်းပြီး အပြင်းအထန် ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ပြောပါတယ်။

တမူးမြို့နယ်ရှိ မင်းသမီး၊ ဇီးဖြူကုန်း၊ ရွာသာ စတဲ့ကျေးရွာတွေမှ ဒေသခံအမျိုးသမီးတွေဟာ PDF တွေရဲ့ လုပ်ရပ်ကို မကျေနပ်၍ ဖေဖော်ဝါရီ ၁၅ ရက်နေ့နဲ့ ဒီနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

“ဒီဘက်က PDF တွေက လူသစ်စုဆောင်းတာတွေ အရမ်းလွန်လာလို့ပါ။ အရင်ကလည်း စုဆောင်းတာမျိုးရှိပေမယ့် အခုနောက်ပိုင်းမှာ ညအချိန်မတော် အိမ်ထဲအထိ ဝင်ဆွဲတာ၊ တောင်ယာလုပ်ငန်းခွင်ထဲအထိ လိုက်ဖမ်းတာတွေ လုပ်လာကြပါတယ်။ ရွာမှာ နာရေး၊ ဘာသာရေးကူညီဖို့ ယောကျ်ားသားဆိုလို့ မကျန်တော့တဲ့အထိဖြစ်လာလို့ ဒေသခံအမျိုးသမီးတွေ စုပေါင်းပြီး ကန့်ကွက်ဆန္ဒပြကြတာပါ”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

PDF တွေဟာ တပ်သားစုဆောင်းရာမှာ အိမ်အတွင်းအထိ ဝင်ရောက်ဆွဲခေါ်တာ၊ တောင်ယာလုပ်ငန်းခွင်အတွင်းအထိ ဖမ်းဆီးတာ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီ လူသစ်စုဆောင်းမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ခရိုင်အဆင့် PDF အဖွဲ့တွေက လုပ်ဆောင်နေတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို ကချင်ပြည်နယ်ဘက်ရှိ KIA စခန်းတွေကို ပို့ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ညကလည်း အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် ရွာသာကျေးရွာမှ အမျိုးသား ၃ ဦးကို အိပ်ပျော်နေစဉ် PDF တွေက သေနတ်ဖြင့် ထောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

“ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဇီးဖြူကုန်းရွာ အမျိုးသား ၇ ယောက် စစ်သားစုဆောင်းခံရတယ်။ အဲမှာ အမျိုးသမီးတစ်ယောက်က သူရဲ့အမျိုးသားကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်။ PDF တွေက သေနတ်ပစ်ဖောက်ပြီး ခြိမ်းခြောက်သွားတယ်။ ၁၄ ရက်မှာ ရွာသာရွာက ၃ယောက်ကို ထပ်ခေါ်သွားတယ်။”လို့ အထက်ပါ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

တမူးမြို့နယ်အတွင်း NUG ထိန်းချုပ်နယ်မြေတွေမှာ အခုလို အသက်မပြည့်သေးသူတွေ ဒေသခံအမျိုးသားတွေကို အဓမ္မတပ်သားစုဆောင်းမှုတွေ ပြုလုပ်လာသည်မှာ လွန်ခဲ့တဲ့ (၂) လခန့်ကတည်းက ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အခြေအနေမှာ ပိုမိုဆိုးရွားလာတာကြောင့် ဒေသခံတွေက အခုလို ဆန္ဒပြမှုများအထိ ပြုလုပ်လာကြတာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။