ယာရူစိင်၊ ဇန်နဝါရီ ၁၀ ရက်
ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ခွေးရူးပြန်ရောဂါကာကွယ်ဖို့ဆိုပြီး လမ်းဘေးရှိ လေလွှင့်ခွေးနဲ့ အိမ်မွေးခွေးတွေ ကိုးကန့်တပ်က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကိုးကန့်ဒေသအတွင်းရှိ ဒေသခံ အမျိုးသား ၁ ဦးက ရွှေဖီမြေကို ပြောပါတယ်။
လမ်းဘေးခွေးတွေ ကိုးကန့်တပ်ဘက်က ပစ်သတ်ရခြင်းဟာ ၎င်းတို့ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းက ဒေသခံတွေအတွက် ခွေးရူးပြန်ရောဂါကာကွယ်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
“လမ်းဘေးကခွေးတွေ မကဘူး။ အိမ်ခွေးတွေကိုလည်း ပစ်သတ်တာပဲ။ အများဆုံးကတော့ လမ်းဘေးခွေးတွေကိုပေါ့။ ဒေသအတွင်း သာယာလှပရေးအတွက် ရှင်းလင်းတယ်လို့လည်း ပြောတာပဲ”
အခုလို ခွေးရူးပြန်ကာကွယ်ဖို့အတွက်နဲ့ ခွေးတွေကို သေစေတဲ့ လုပ်ရပ်ကိုတော့ လုံးဝဆန့်ကျင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၃ ရက်လည်း လားရှိုးမြို့တွင်းရှိ လမ်းမတွေမှာ လေလွှင့်နေတဲ့ ခွေးတွေကို ကိုးကန့်တပ်က သေနတ်နဲ့ ပစ်သတ်ကာ လိုက်လံရှင်းလင်းခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။