Video – CJ

မိုင်းရူပ၊ ဇန်နဝါရီ ၁၈ ရက်၊ မိုးကုတ်

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ပိန်းပြစ်အောက်ရွာမှာ မနေ့ ဇန်နဝါရီ ၁၇ ရက် ည ၇ နာရီခွဲဝန်းကျင်က ယောင်းတိုင်မီးကနေတစ်ဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ကလေးက ဂိမ်းဆော့နေတဲ့အချိန် ဖယောင်းတိုင်မီးက နည်းနည်းဘဲ ကျန်တာ။ သူအောက်ဆင်းလာတဲ့အချိန်မှာ မီးငြိမ်းဖို့ မေ့သွားတယ်။ အဲလိုနဲ့ မီးလောင်သွားတာ” လို့ ပိန်းပြစ်ရွာခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီးလောင်သွားတဲ့ နေအိမ်ဟာ မိုးကုတ်မြို့ထဲကို စစ်ကောင်စီ ဝင်ရောက်ပြီးနောက် စစ်ရှောင်နေတဲ့ အိမ်ဖြစ်ပြီး မနေ့ ဇန်နဝါရီ ၁၇ ရက်မှာ နေရပ်ပြန်လာချိန် နေအိမ်မီးလောင်မှုနဲ့ ကြုံခဲ့ရတာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။

ရွာခံတွေက ၂ နာရီကြာ မီးငြိမ်းသတ်ခဲ့ရပြီး လူထိခိုက်သေဆုံးမှုတော့ မရှိပဲ ပျက်စီးဆုံးရှုံးမှုကို အခြေအနေကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်မှာလည်း ရှမ်းမြောက် မူဆယ်မြို့နယ် ၁၀၅ မိုင် မိုင်းယုမှာ သားဖြစ်သူက မီးသွေးမီးဖိုထားရာကနေ နေအိမ်မီးလောင်မှုဖြစ်ပွါးခဲ့ပြီး မိခင်ဖြစ်သူကပါ မီးထဲပါသွားပြီး သေဆုံးခဲ့ပါတယ်။

လက်ရှိမှာ ပူးပြင်းတဲ့ နွေရာသီရောက်လာတော့မှာ ဖြစ်တာကြောင့် လူထုတွေအနေနဲ့ မီးဘေးအန္တရာယ်ကို ကြိုတင်သတိထားဖို့ လိုအပ်ကြောင်း ပြောဆိုကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။