လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၂ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ် ရေလှောင်တမံမှာ ရေနစ်သေဆုံးသွားတဲ့ ကျောင်းသားရဲ့ ရုပ်အလောင်းကို ပြန်တွေ့ပြီလို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

အဆိုပါ ကျောင်းသားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ သူငယ်ချင်းတွေနဲ့ ရေသွားကူးရင်းနဲ့ ရေနစ်ခဲ့တာဖြစ်ပြီး မနေ့ ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ အလောင်းပြန်တွေ့ခဲ့တာဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကျောင်းသားတွေလေ။ မနေ့က တနင်္ဂနွေနေ့။ အဲဒါ ကျောင်းပိတ်ရက်ဆိုတော့ သူတို့က အဲမှာ ရေသွားကစားရင်းနဲ့ ရေသွားကူးကြရင်းနဲ့ နစ်သွားတယ်တဲ့။ အဲဒါ သူတို့ သူငယ်ချင်းအချင်းချင်း ကယ်ကြသေးတယ်။ နောက် ကယ်လို့မရတာနဲ့ ရွာပြန်လာပြီးတော့မှ လူကြီးတွေကို ပြောပြပြီး ဝိုင်းရှာကြတာ”

အဆိုပါ ရေနစ်သေဆုံးသွားတဲ့ ကျောင်းသားဟာ အထက ကောင်းခါးကျောင်းမှာ ၉ တန်းတက်နေတဲ့ မောင်လွမ်းခေါင် ဆိုသူဖြစ်ပြီး မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ဇာတိဖြစ်တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

မောင်လွမ်းခေါင်ရဲ့ ရုပ်အလောင်းကိုတော့ ၎င်းရဲ့ ဇာတိရွာဖြစ်တဲ့ စယ်လန့်ကျေးရွာဘက်ကို ပြန်သယ်သွားပြီလို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာလည်း နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီးက ရေအိုင်ထဲမှာ အသက် ၁၁ နှစ်အရွယ် မောင်ဒေဝစ်ကြာ ဆိုသူဟာ ရေဆင်းဆော့ရာကနေ ရေနစ်သေဆုံးသွားခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။