ဝတ်မှုံ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ နမ့်ခမ်း
တအာင်းတပ် TNLA ထိန်းချုက်ထားတဲ့ နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်မှာ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်းတွေ့ခဲ့တယ်လို့ ဖြူစင်မေတ္တာသွေးအလှူရှင်အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ အောင်မေတ္တာ လမ်းသွယ်(၈)မှာ သေဆုံးနေတဲ့ ခန့်မှန်းချေ အသက် ၄၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ရဲ့ရုပ်အလောင်းကို ဒေသခံတွေက တွေရှိပြီး အကြောင်းကြားခဲ့တာကြောင့် သွားရောက်သယ်ဆောင်သွားခဲ့တာဖြစ်ပြီး ဘာကြောင့်သေဆုံးသွားလဲဆိုတာ မသိရသေးဘူးလို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
“ခန္ဓာကိုယ်မှာတော့ ဘာဒဏ်ရာမှ မတွေ့ဘူး။ ခန့်မှန်းကြည့်ရသလောက်တော့ သွေးတို့တက်ပြီး လဲကျသေဆုံးတဲ့ ပုံစံမျိုးပဲဖြစ်ဖို့များပါတယ်”
လက်ရှိအချိန်ထိ အဲဒီအမျိုးသားရဲ့ နာမည်နဲ့ နေရပ်လိပ်စာကို မသိရသေးပဲ အလောင်းကိုတော့ နမ့်ခမ်းပြည်သူ့ဆေးရုံရဲ့ ရင်ခွဲရုံမှာ ပို့ဆောင်ထားတယ်လို့ဆိုပါတယ်။
အဆိုပါ အမျိုးသားကို သိရှိသူတွေအနေနဲ့ နမ့်ခမ်းပြည်သူ့ဆေးရုံမှာ လာရောက်စုံစမ်းကြည့်ရှု့နိုင်တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။