သုတ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ တာချီလိတ်
ရှမ်းပြည်အရှေ့ပိုင်းက တာချီလိတ်မြို့မှာ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားပြီး အိမ်သာမှာ သွားရောက်စွန့်ပစ်ခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ တာချီလိတ်မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ တာချီလိတ်မြို့ ဟော်လိတ်ရပ်ကွက်ရှိ ပန့်ဆိုင်တစ်ခုရဲ့ အိမ်သာမှာ ကလေးမွေးဖွားပြီး စွန့်ပစ်ထားတာ ဖြစ်ပါတယ်။
“ကလေးကို ဆေးရုံသွားပို့တဲ့ အချိန်မှာ မွေးစားတဲ့သူက လာခေါ်သွားပြီ” လို့ ဖြစ်စဥ်သိရှိသူ တာချီလိတ်မြို့နေ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကလေးကို တာချီလိတ်အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခု သွားရောက်ကယ်ထုတ်ပေးခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပြပါတယ်။
ကလေးမွေးဖွားပြီး စွန့်ပစ်ခဲ့တဲ့ အဲဒီအမျိုးသမီးဟာ ဘယ်သူဘယ်ဝါဆိုတာ သေချာမသိရသေးဘဲ ၎င်းမွေးဖွားလာတဲ့ အဆိုပါကလေးငယ်ကဟာ သားယောက်ျားလေးဖြစ်တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။