ဓာတ်ပုံ – CJ

မြတ်နိုး၊ ဇန်နဝါရီ ၁၉ ရက်၊ အင်ဂျန်းယန်

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် အင်ဂွမ်းလရွာမှာ ကလေးငယ်တစ်ဦး ဝက်စာအိုးထဲ ခြေချော်ကျသွားရာမှာ ရေနွေးပူ လောင်ရာကနေ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး ဆေးဝါးကုသဖို့ ငွေကြေး အခက်ခဲဖြစ်နေကြောင်း မိသားစုဝင်တွေထံက သိရပါတယ်။

“ဝက်စာအိုးထဲ ခြေချော်ကျသွားတာ။ တကိုယ်လုံး ဝက်စာပူထဲ ဝင်သွားပြီး အပူလောင်သွားတာ။ ခေါင်းမှာတွေရောပဲ။ ဒဏ်ရာ ပြင်းထန်သွားတာ” လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

အသက် ၁ နှစ်အရွယ်သာ ရှိသေးပြီး မိဘတွေ မရှိပဲ အစ်မဖြစ်သူနဲ့ အိမ်မှာရှိနေချိန် ဖြစ်သွားတာဖြစ်ကြောင်း သူက ပြောပါတယ်။

“ဆေးကုသနေတာ ၁၂ ရက်လောက် ရှိပြီ။ ရွာဆေးခန်းကနေ မြစ်ကြီးနားက ဆေးရုံတစ်ခုမှာ ပြောင်းပြီး သွားကုနေတယ်။ ရေပူထိထားတဲ့ ဒဏ်ရာတွေပြင်းထန်တော့ ရက်ရှည်ကုသနေရမယ့် အနေအထား ဖြစ်နေတယ်” လို့ သူက ရှင်းပြပါတယ်။

ရွာက ဆေးခန်းမှာ ၁၁ ရက်လောက် ကုသခဲ့ပေမယ့် မသက်သာလို့ မြစ်ကြီးနားမြို့ဘက် သွားရောက်ပြီး ဆက်လက် ဆေးကုသမှု ခံယူနေရတယ်လို့ သူက ပြောပါတယ်။

လက်ရှိ မြစ်ကြီးနား အေးသုခဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ကလေးငယ် ရေရှည် ဆေး ဆက်လက်ကုသနိုင်ဖို့ ငွေကြေး ခက်ခဲနေတာကြောင့် အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။