တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မှာ ပေါက်ကွဲမှုဖြစ်လို့ အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တာကြောင့် ဒေသခံ ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်တန့်အောင် ဖိအားပေးပြီး မြေမြှုပ်မိုင်း ရှင်းလင်းနိုင်ဖို့ နည်းပညာနဲ့ငွေကြေး ကူညီပေးဖို့ နိုင်ငံတကာကို TWO တောင်းဆို

စစ်ကောင်စီတပ်ကို မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်တန့်အောင် ဖိအားပေးပြီး ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ဒေသမှာ ကျန်ရှိနေတဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းနိုင်ဖို့ နည်းပညာနဲ့ငွေကြေး ကူညီပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း- TWO က ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ ပြုလုပ်တဲ့ “လုံခြုံမှုကင်းမဲ့သော ဘဝများ” အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

နောင်ချိုက ဒေသခံနှစ်ဦး မိုင်းနင်းမိပြီး နှစ်ဦးစလုံး ခြေဖြတ်လိုက်ရ၊ ကုသဖို့အတွက် အကူအညီလိုအပ်နေ

ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲက ဒေသခံ နှစ်ဦးဟာ မိုင်းနင်းမိပြီး နှစ်‌ဦးစလုံး ခြေ‌ထောက်ပြတ်ထွက်သွားခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မှာ လူငယ် ၂ ဦး မိုင်းနင်း​မိပြီး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာကနေ ဖားပြင်ကျေးရွာသွားတဲ့ ဉရုချောင်းလမ်းဘေးမှာ လူငယ်အမျိုးသား ၂ ​ဦး မိုင်း​နင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

နမ့်ဖတ်ကာမှာ ကလေးငယ်တွေ ဗုံးဆော့ကစားရာမှာ ပေါက်ကွဲလို့ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ကချင်တပ်မတော်-KIA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ကလေးငယ်တွေ လက်ပစ်ဗုံး ဆော့ကစားရာကနေ ပေါက်ကွဲလို့ ၁ ဦး သေဆုံးပြီး ၃ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။