လေကြောင်းဒဏ်ကြောင့် နေအိမ်နဲ့သား ဆုံးရှုံးခဲ့ရသူ

“အန်တီတို့ အဲဒီအိမ်ဆောက်ပြီးနေတာ ၈ နှစ်ပဲ ရှိသေးတယ်။ အခုအန်တီ အဲဒီဘက်အိမ် မသွားချင်ဘူးဆိုတာ အဲဘက်ကိုသွားရင် ဘယ်လိုမှ ခံစားလို့မရဘူး။ အခုအဲဘက်အိမ်ကို အန်တီ တအားလွမ်းတယ်။ ကိုယ့်အိမ်ကို သွေးနဲ့ချွေးနဲ့ ရှာထားရတာလေ။ သူများလို ချမ်းသာခဲ့တာ မဟုတ်ဘူး။ တစ်ကျပ်ရရင် တစ်မတ်ပဲ စားတယ်။ ကျန်တာ ဒီအိမ်အတွက်ဆိုပြီးပေါ့”

ဝမ်းရေးဒဏ်ကြား အဓမ္မ ပြုကျင့်ခံရသူ

“ညီမလေးကို အဲလို အဓမ္မ ပြုကျင့်တာကို ဘယ်သူ့ဆီမှ မပြောရဲဘူး။ အဲဆရာဝန်က ခြိမ်းခြောက်ထားတယ်။ နင်ပြောပြရင် နင်ပဲအရှက်ရမယ်တဲ့။ အဲဒါကြောင့် ဘယ်သူ့ဆီမှ မပြောပြရဲဘူး”

ဆရာဆရာမ မရှိတာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ လီဆူကလေးငယ်တွေ

ဝေးလံခေါင်သီပြီး တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ် နမ့်ကျိုးကျေးရွာဟာ လီဆူတိုင်းရင်းသားတွေ နေထိုင်ပြီး အိမ်ခြေ ၃၀ ဝန်းကျင် ရှိပါတယ်။

ကလေးမြို့နယ်မှာ နေအိမ်သို့ ရိက္ခာယူတဲ့ စစ်ဘေးရှောင် ချင်းအမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး သေဆုံး၊ တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းမှာ နေအိမ်သို့ ရိက္ခာသွားယူတဲ့ စစ်ဘေးရှောင် ချင်းအမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စာသင်ကျောင်းကနေ ပြန်လာတဲ့ ကွတ်ခိုင်မြို့က ၈ နှစ်အရွယ် ကလေးငယ် ဘယ်လို သတ်ဖြတ်ခံရလဲ

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်မှာ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ ရပ်ကွက် ၈ မှာရှိတဲ့ အလယ်တန်းကျောင်းကနေ ပြန်လာတဲ့ ကလေးငယ်တစ်ဦး လူသွားလူလာပြတ်တဲ့ ခြုံပုတ်ထဲ သတ်ဖြတ်ခံရတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

အတူယှဉ်တွဲ နေထိုင်ရေးကို ဦးဆောင်နေတဲ့ အမျိုးသမီး ရွာသူကြီး

ဖိုဝါဒ ကြီးစိုးတဲ့ ဒီလို ကျေးလက်ဒေသမှာ အမျိုးသမီးတွေကို ရွာသူကြီးအဖြစ် ခန့်အပ်တာဟာ ရှားပါးတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

လေကြောင်းဒဏ်သင့် နေစရာအိမ် မရှိတဲ့ မိသားစု

ထရံနဲ့ ကာထားပြီး ပေ ၂၀ ဝန်းကျင်သာရှိတဲ့ ဒီအိမ်လေးဟာ ကျန်သူတွေအတွက် ပြုပြင်နိုင်ပေမဲ့ ထမင်းနပ်မှန်ဖို့တောင် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ဒေါ်ခမ်းလူတို့ သားအမိအတွက်ကတော့ ဒီလိုအိမ် ပြန်ရဖို့ မလွယ်ကူလှပါဘူး။

ဝမ်းရေးအတွက် စာသင်ကျောင်းကို စွန့်ခွာခဲ့ရသူ

ကိုယ်က မိဘဆိုတော့ ကိုယ့်ကလေး‌တွေကို ပညာတတ်တစ်‌ယောက်အနေနဲ့ ဖြစ်စေချင်တာပေါ့။ ကျောင်းပြီးတဲ့အထိ ထားပေးချင်တာပေါ့။ မတတ်နိုင်ဘူးလေ။ စားစရာမရှိ နေစရာအိမ်လည်း မရှိဘူးဆိုတော့ အကြီးမကို ကျောင်းထွက်ခိုင်းလိုက်တာ။ သူလည်း တွေးတတ်ပြီဆိုတော့ ကျောင်း မတက်တော့ဘူးတဲ့ အမေကို သနားလို့။ ကျောင်းထွက်ပြီး အလုပ်ဘဲ ထွက်လုပ်မယ်တဲ့

ကိုယ်ဝန်သည်၊ ကလေးငယ်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်မှု အများဆုံး လေကြောင်းတိုက်ခိုက်မှုလို့ မြို့ခံတွေက ပြောပါတယ်။

ဆေးပေးခန်းတွေ မရှိတာကြောင့် တစ်နှစ်ကို အနည်းဆုံးသေဆုံးသူ နှစ်ဦးနဲ့အထက် ရှိနေတဲ့ တောင်ပေါ်ဒေသ

ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်နဲ့ တန့်ယန်းမြို့နယ်အစပ်မှာရှိတဲ့ တောင်ပေါ်ကျေးရွာတွေမှာ မြို့နဲ့လည်း အလှမ်းဝေးပြီး ဆေးရုံဆေးပေးခန်းတွေ မရှိတာကြောင့် တစ်နှစ်မှာ မသေဆုံးသင့်ပဲ သေဆုံးနေရသူ အနည်းဆုံး နှစ်ဦးနဲ့ အထက်မှာ ရှိနေပါတယ်။