ဂေါႇဆဒါင် ပ်ုန်ဒါႈကဲတ တံပ်လံပ်တီုက်ႎှီုန်းကဲ လီပ်ဒေဲႈခေဲင်တော်င်စီး တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒါဖါ်ႈ ရဒေင် PSMS စေတ်မေန်းတိုည်းဟာဝ်း

ကောန်အီမာည်း ကဝ်အီဂေါည်ခေဲင်အရာပ်ဒီန်အူအီး က္လာင်းဒါႈ ဂေါႇဆဒါင် ပ်ုန်ဒါႈကဲတ တံပ်လံပ်တီုက်ႎှီုန်းကဲ လီပ်ဒေဲႈခေဲင်ကီုင်းတော်င်စီး ကပီုန်ဆျှံမ်ကဒါႇက်ြုမ်နီန် စီပဲန် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒါဖါ်ႈ ရဒေင် PSMS စေတ်မေန်းတိုည်းဟာဝ်းတိုအီးကဲဂဲနီန်အောႏ။

ဆီုက်ငါးတံပ်ကညာအာဏာဆီုက်ဇေဝ် ကဲအီထိုးလီပ်ဒေဲႈ ကဒါႇမိုဂူႈနီန် ဟည်ရောတ်ဘံင် ရဝ်ဟိုခို

ကဲအီဂေါည်ခေဲင်ပ္လေါည်ကတီုက်ကပဴင်ကဲ က္လာင်းဒါႈ ဆီုက်ငါးတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဇူႈဒေဒါ ကဒါႇနောင်ခေဝ် ထိုးလီပ်ဟာဝ်း ကဒါႇမိုဂူႈပအရာပ်ထိင်ခြဲ တံပ်ဆီုက်တအာင်း TNLA ကဲနီန် ဟည်ရောတ်စာမ်း ပရဝ်ဟိုခိုအောႏ။

UWSA ကဲ ချတာမ်ကဘေဲမ်လှေင် တဂါရ်အီလီလာနဘာည်း တကောန်အီပ်ုန်ဒဲႇ ဘိူန်းအဆာက် 12ဆန်ုမ် အ်ုန်အီမိုႈအီရဲ့ကောန်ဒဲႇ

ခည်ကျံရ်အောဂ်ုတ် ဆငည်း 4ဒိူန် WSP ကဲအီပ္လိူရ်ႈလေႈဆဒါင် ‘ဝ’ ကဲနီန် ပ္လိူရ်ႈလေႈဒါႈ ဘ္လံက်ချှာင်တြား တံပ်ဆီုက် ‘ဝ’ – UWSA ကဲ ဟည်ချတာမ်ရိူန်းကာည်း တာမ်ကဘေဲမ် တဂါရ်အီလီလာနဘာည်း တကောန်အီပ်ုန်ဒဲႇ ဘိူန်းအဆာက် 12ဆန်ုမ် အ်ုန်အီရဲ့ကောန်ဂါရ် 2အီးဒီန်အောႏ။

တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ခ္လါည်းဒဲႈတိုအီးခယ် ကဲအီရေဲန်ဇီုင်းကာန်ကျားဖြန် ပမူစယ် ကပံတ် 260 အီးနီန်တ ခယ်ကဲ

တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပ္လိူရ်ႈလေႈခည်ကျံရ်အောဂ်ုတ် ဆငည်း 3 ဒိူန်ဒါႈ ပအရာပ်ဘိူန်းကဲတထိင်ခြဲ ခေဲင်ကီုင်းမူစယ်နီန် ကဲအခ္လါည်းဒဲႈ တိုအီးခယ် ကဲအီရေဲန်ဇီုင်းကာန်ကျားဖြန်နီန် 256 အီးအောႏ။

တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပျောႈဟာဝ်းဘိုးဘျုင်နီန် ပမာဝ်းႎံင်း

အဒိူဝ် ကျံရ်အောဂ်ုတ် ဆငည်း 4 ခီညှာ ကပံတ် 10 နြီလေႈ 30 မနေတ်ဒိူန် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ‌ပျောႈဟာဝ်းဘျုင် ပအရာပ်ထိင်ခြဲ တံပ်ဆီုက်တအာင်း PSLF/ TNLA ကဲ ပမာဝ်းႎံင်း။

ပမာဝ်းႎံင်း ဇိုချီုင်တောႈ ခနံန်စဝ်တဘ်ုတ် ရီမ်းပြောကျောင် အ်ုန်ဟည်ငျားဖါ်ႈ ညဲ့မဴင် လကပံတ်ဟာဝ်းပွံတ် ဇိူင်အ်ုန်အူကဒါႇ

ဇိုချီုင်တောႈ ခနံန်စဝ်တဘ်ုတ် ရီမ်းပြောကျောင် နတ်စစ်လင်း အ်ုန်အီဂေါည် ပဇံင် (2) ကီုင်းမာဝ်းႎံင်း ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်း – PSLF/TNLA ကဲနီန် အ်ုန်ဟည်ငျားဖါ်ႈ ညဲ့မဴင် လကပံတ်ဟာဝ်းပွံတ် ဇိူင်အ်ုန် အူကဒါႇအောႏ။

တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဟည်ပျောႈဘိုးဘျုင် ပမိုဂူႈ ကဒါႇလီပ်ဆာင်ငည်း တိုအီးအရာပ်ကဲ ယံမ်းဟာဝ်း 7 အီးအာဝ်‌ယောမ်

ဘိူန်းအယ်တခေါရ်နံပ် ဒီဘိူန်းတံပ်ဆီုက်တအာင်း PSLF/TNLA ကဲတထိင်ခြဲ ပမိုဂူႈ ကဒါႇလီပ်ဆာင်ငည်းနီန် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဟည်ပျောႈဟာဝ်းဘိုးဘျုင် ပဆဴင်ကဖေးမင်းကြိုက်နီန် အဒိူဝ် အောဂ်ုတ် ဆငည်း 2 ခီညှာကပံတ် 8 နြီလေႈ 30 မနေတ်ဒိူန်အောႏ။

ဂေါႇတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒါယာန်ပ်ုရ်ဂျက်ဖိုက်တာ ဒေဲႈပျောႈပ္လေ ကောန်အီပ်ုန် ရဝ်ဒိုးပင် လှံင်နော်င်ခေဝ်နီန် 1အီးယံမ်းဖါ်ႈ ဘာတ် 2အီးအောႏ။

TNLA ကဲ ပ္လိူရ်ႈလေႈ အဒိူဝ် ကျံရ်အောဂ်ုတ် ဆငည်း 1နီန်ဒါႈ ကံပ်အာဝ်မိူဝ်ႈပ္လေါည်ကတီုက်ကပဴင်မာ် ဂေါႇမိုႈတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒါယာန်ပ်ုရ် ဒေဲႈပျောႈပ္လေ ပရဝ်ဒိုးပင် လှံင်နော်င်ခေဝ် အ်ုန်အီမိုႈဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်း – TNLA ကဲ စီပဲန်တိုအီးရဝ် 1အီး ယံမ်းဖါ်ႈ ဘာတ် 2အီးအောႏ။

ပနော်င်ခေဝ် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ တောပ်ဒေဘိဂါင် ပ်ုန်ထာင်ကဲတ အ်ုန်ကဆီုဝ်ကဆဲင်တောပ် TNLA ကာည်း PDF ကဲ၊ အီကတူႈတိုည်းမာ် မိူဝ်ႈ

ဖုင်ယဲဆျှိုည်ဖီမျေ တခေါရ်နံပ် ပကီုင်းနော်င်ခေဝ် အ်ုန်အီမိုႈဒီပ်ုန်ႎီရ်ဘိူန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ တထိင်ခြဲနီန် ကဲဂီုည်တောပ်ဒေဘိဂါင် ဒါႈမိုႈ အ်ုန်ကဆီုဝ်ကဆဲင်တောပ် တံပ်ဆီုက်တအာင်း TNLA ကာည်း PDF ကဲအောႏ။

ဂေါႇဘျုင်ပ်ုန်ပျောႈကဲ ပအေဲမ်ကိုက်နီန် ဟည်ယိူဝ်းဘိုး တိုပိုင်းခန္ဓာယံမ်းအူအီး ဂေါႇဘည်ဒီန် ကဲအီယံမ်းဟာဝ်း ဟည်ဂေါည် 6 အီး

တိုအီးအရာပ်ကဲ က္လာင်းဒါႈ ဒီဘိူန်းတံပ်ဆီုက်တအာင်း PSLF/TNLA ကဲတထိင်ခြဲ ပကီုင်းအေဲမ်ကိုက်နီန် ဂေါႇဘျုင်ပ်ုန်ဒေဲႈပျောႈဟာဝ်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲနီန် ကဲဟည်ႎီရ်ယိူဝ်းဘိုးတိုပိုင်းခန္ဓာယံမ်းအူအီး တောပ်ပည်ကောန်ကညောမ်အူအီး ကဲအီယံမ်းဟာဝ်းနီန် ဟည်ဂေါည် 6 အီးအော။