ဖုင်တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ကဲပ်ရိူန်းပဂေတ်ဒီလီပ်ခေဲင်ကီုင်း မိူင်ယဲနီန်ဒါႈ ကနာည်းလံပ်ကတ်ုမ်နီန် ဂေါႇဘည်ဒီန် ကညာကားကဲကတူႈခည်းကီန်း

ကဝ်အီနံပ် ဘည်မိုႈဘည်ဘာည်း နီန်အူအီး က္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ ဒီဘိူန်းတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲတထိင်ခြဲ ပဂေတ်မိူင်ယဲနီန် ကဲကဲပ်ကဆဝ်းဇာဝ်းရိူန်းနီန်တ ကညာကားကဲ ဒါႈမိုႈ ကနာည်လံပ်ကတ်ုမ်အောႏ။

ဂီုည်လိုအူန်း ပ်ုန်ကဇောည် ကနာည်ကဲအီဒဝ်ႎဲႈဖေးနာန်း ရောတ်စာ်မ်းပဆဘော 600အီးနီန်

ကဝ်အီကဇောည်ဒဲႈတ တိုအီးဒဝ်ႎဲႈဖေးနာန်းကဲနီန်အူအီး က္လာင်းတဆျှိုည်ဖီမျေဒါႈ ဂီုည်လိုပ်ုန်ကဇောည် ကနာည်ကဲအီဒဝ်ႎဲႈဖေးနာန်း ရောတ်စာ်မ်းပကီုင်းဆဘော ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီမိုႈဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်း – TNLA ကဲ 400အီးနီန်အောႏ။

ပအေဲမ်ကိုက် KIA ကဲ တိုည်းဟာဝ်းဖါ်ႈ ကောန်အီမာည်း ကဝ်အီဒါခံင်မဝ်းနီန်အူအီး ဘံန်ဟောည်ႇလှေင်ဘြည် 5ဆငည်း အ်ုန်ဟည်ယံမ်းဟာဝ်း

ကဝ်အီကဒံတ်တောပ် ဘဝ်ရမာအ်ုန်ကဲအူအီး က္လာင်းတဆျှိုည်ဖီမျေဒါႈ ဘံန်ဟောည်ႇတိုည်းဟာဝ်း တံပ်ဆီုက်ခါင် KIA ကဲ တကောန်အီမာည်းအူအီး အ်ုန်အီဂေါည်ပဇံင် 2 ကီုင်းအေဲမ်ကိုက် ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်း TNLA ကဲနီန် ဘံန်ဟောည်ႇလှေင်ဘြည် 5ဆငည်း အ်ုန်ဟည်ယံမ်းဟာဝ်းအောႏ။

ပမိုဂူႈ ကဒါႇလေႈဆာင်ငည်းနီန် ကတူႈအီးဒေဲႈပျောႈ ပ္လေဘျုင်၊ မိူဝ်ႈအီကတူႈဖေးဘာတ်

ကောန်အီမာည်း ကဝ်အီမိုႈတိုအီးခေဲင်အရာပ်နီန်အူအီး က္လာင်းတဆျှိုည်ဖီမျေဒါႈ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒါယာန်ပ်ုရ် ဒေဲႈပျောႈပ္လေ ပကီုင်းမိုဂူႈ ကဒါႇလေႈဆာင်ငည်း အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း PSLF/TNLA ကဲအောႏ။

ကပုဂုတ်ထိပ်လှေအီ‌လေႈဇီုဝ်ဒါင်းနီန် ကပံတ်ဇောႈ၊ လော်ဘီတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပျံတ်ဝါဒ ဒါႈမိုႈ TNLA ကဲပဒူႈမဴင်

ဖုင်ယဲဆျှိုည်ဖီမျေ တခေါရ်နံပ် ကပုလှေအ်ုန်အီကတူည်ႇဒဲႈ ဒီဘိူန်းတံပ်ဆီုက်တအာင်းကဲတထိင်ခြဲ မာဝ်းႎင်း ကာည်း ဒီထိင်ခြဲတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပနောင်ခေဝ် လှေအီလေႈဇီုဝ်ဒါင်း ကပုဂုတ်ထိပ်နီန် ကပံတ်ဇောႈအောႏ။

ဖုင်ပလိက်တအာင်းကဲ ဟည်ဘိူန်းဒေတိုည်း ကောန်အီမာည်း 5အီး ကဲအီႎိူဝ်ႈဂါင် ဘြားဟာဝ်းဂြိုအီး ပအေဲမ်ခြီရ်

ဘိူန်းအယ်နံပ် မိုႈတ ဖုင်ပလိက်တအာင်းကဲ ဟည်ဘိူန်းဒေတိုည်းဟာဝ်း ကောန်အီမာည်း 5အီး ကဲအီႎိူဝ်ႈဂါင် ဘြားဟာဝ်းဂြိုအီး ပလှံင်အေဲမ်ခြီရ် အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်း – PSLF/TNLA ကဲအောႏ။

တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒါ Y- 12နီန် ပျောႈဟာဝ်းဘျုင် 35 ရီမ်းပြော တတက 13 ခေဲင်လှံင်သပိတ်ကျင်း

ကဝ်အီဒဲႈဆဒါင် အူအီး က္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ ဒီဂီုည်ပဲန်အူန်းတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ကာည်း လံပ်တီုက်ႎှီုန်းကဲတ ပ္လေါည်ကတီုက်ကပဴင်နီန် ခေဲင်လှံင်သပိတ်ကျင်း ပႎါင်းပနောချှံန်ဇာရ် ကနံဝ်း 13 အ်ုန်အီဂေါည် ရီမ်းပြောတွင်းငယ်နီန် ကဲပျောႈဟာဝ်းဘျုင် 35 ပိုင်းအောႏ။

တိုအီး အီႎဲႈဖေးႎဲႈနာန်း ကာည်း အီကတူးဖေးနောင်ပိန်ကဲ ကနာည်း 70 အီနီန် လိုကဇောည်ကနဲတ်ကမှည်

ဂေါႇပ္လေါည်ကတီုက်ကပဴင် ခနားတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ကာည်း တံပ်ဆီုက်တအာင်း TNLA ကဲ တိုအီး အရာပ် အီႎဲႈဒေဲး ဖေးဆီုက်ဖေးနာန်း ယိူဝ်ႇကဒါႇလှံင်မာဝ်းႎံင်း ရဝ်နောင်ပိန် ကဲအီရောတ် ခေဲင်ကီုင်းလာဆေဝ် 70 အီးနီန် လိုကနဲတ်ကမှည် ပ်ုန်ဟောမ်ပ်ုန်ဟာပ်နီန်။

ပအိုမ်ယ်ုရ် ကဲဘိူန်းတိုည်း တိုအီးကဇိူရ်ႈကယံင်း လာက်နာက်ကဲ 3အီး

တံပ်ဆီုက်တအာင်းကဲ ပ္လိူရ်ႈလေႈ အဒိူဝ်ကျံရ်အောဂ်ုတ် ဆငည်း 21 ခိင်ညှာ 10နြီလေႈအူကဒည်ဒိူန်ဒါႈ ကဲဘိူန်းဒေတိုည်း ကောန်အီမာည်း 3အီး ကဲအီကဇိူရ်ႈကယံင်းလာက်နာက် ပလှံင်အိုမ်ယ်ုရ် အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တ်အာင်းကဲအောႏ။

တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲကာည်း TNLA ကဲ ပဲန်အစဴင်အရဴင်ပ္လေါည်ကတီုက်ကပဴင် ရီမ်းနော်င်ပေင် လှံင်မာဝ်းႎံင်း

မာည်းရူပ၊ ကျံရ်အောဂ်ုတ် ဆငည်း 20၊ မာဝ်းႎံင်း ကဝ်အီဂေါည်ခေဲင်ပ္လေါည်ကတီုက်ကပဴင်နီန်အူအီး က္လာင်းတဆျှိုည်ဖီမျေဒါႈ ဂေါႇမိုႈတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ထိုးလီပ် စီပဲန်ကတီုက်ကပဴင် ခနား တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲကာည်း…