နမ့်ဆန်က ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းရွာထဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နမ့်ဆန်မြို့နယ်ထဲ စစ်ကောင်စီတပ် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့အနီးရှိ ဇယ်တုန်ဟုန်းကျေးရွာထဲ ဒီနေ့ အောက်တိုဘာ ၄ ရက် နေ့လယ် ၁၂ နာရီကျော်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပါ

သီပေါ မန်ဟဲရွာ ဗုံးကြဲတိုက်ခိုက်ခံရ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ် မန်ဟဲကျေးရွာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ရေကြီးမှုကြောင့် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းပေါ်က ကိုင်းတံတား ပျက်စီး၊ အဓိကထောက်ပို့လမ်းကြောင်းဖြစ်လို့ စစ်ကောင်စီတပ်ဘက် အသည်းအသန် ပြင်ဖို့ကြိုးစားနေ

ကြက်မောက်တောင်ဆည် ရေကြီးရေလျှံမှုကြောင့် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းပေါ်က ကိုင်းတံတား ကျိုးကျပျက်စီးခဲ့တဲ့အတွက် လမ်းပိတ်ဆို့မှု ဆက်ရှိနေသေးတယ်လို့ ကျောက်ပန်းတောင်းမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲမြို့ပြင် တိုက်ပွဲ ဆက်ဖြစ်နေ၊ မြို့တွင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နေအိမ်တချို့ ပျက်စီး

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါဘက် သွားတဲ့လမ်း ကျောက်မဲ တိုးဂိတ်အနီးမှာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA အကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့် ကုဋေမှော်ဘက် ဒေသခံတစ်ဦး လက်နက်ကျည်စ ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့ ကုဋေမှော်ဘက် ဒီနေ့ အောက်တိုဘာ ၃ ရက်မှာ အရပ်သားတစ်ဦး လက်နက်ကျည်စ ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ကိုရင် ၄ ပါး ပျံလွန်တော်မူပြီး ၇ ပါး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ကိုရင်လေး ၄ ပါး ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သီပေါမြို့ စံဖိတ်ကွက်သစ် ပေါင် ၅၀၀ ဗုံး ၂ လုံးတိုက်ခိုက်ခံရ၊ အဆောက်အဦးတချို့ ပျက်စီး

PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကင်းတား၊ ကြက်မောက်တောင်နဲ့ မုန်တိုင်ဆည်တွေ ရေကြီးရေလျှံမှုဖြစ်လာ၊ ကားလမ်းတွေ ရေကျော်လို့ လမ်းပိတ်နေ

မန္တလေးတိုင်း ကူမဲ၊ မိတ္ထီလာနဲ့ ကျောက်ပန်းတောင်းမြို့နယ်က ကင်းတား၊ မုန်တိုင်နဲ့ ကြက်မောက်တောင်ဆည်မှာ ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွား ရှိနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဗန်းမော်မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဆုတ်ခွာထားတဲ့ နေရာတချို့ ပြန်ရ

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဆုတ်ခွာထားတဲ့ နေရာတစ်နေရာ ပြန်ရထားပြီဖြစ်ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။