ကျောက်မဲနယ်မှာ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်

ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာက အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေ‌ထောက်တစ်ဖက် ပြတ်သွားခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ည မိုးမိတ်နယ်ထဲကို စစ်ကောင်စီဗုံးကြဲ ကလေး ၂ဦးအပါ ၇ဦးသေဆုံး

ဒီနေ့ အောက်တိုဘာ ၉ရက် ည(၇)နာရီ အချိန်ခန့် တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နယ် ဝဲဘောင်ကျေးရွာကို စစ်ကောင်စီတပ်က ပေါင် (၂၅၀)ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ဦးအပါ ရွာခံ ၇ဦးသေဆုံးခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်ပါတယ်။

ကျောက်မဲနယ် နမ့်မန်းရွာ တံတားကို စစ်ကောင်စီ ဗုံးကြဲ

စစ်ကောင်စီတပ်ဟာ မနေ့ အောက်တိုဘာ ၈ရက်နေ့ က မိုင်းငေါ့မြို့ကို ဗုံးကြဲတိုက်ခိုက်ပြီးချိန် ကျောက်မဲနဲ့မိုင်းငေါ့လမ်းပေါ်ရှိ နမ့်မန်းရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လမ်းပေါ်ရှိ နမ့်မန်းရွာတံတား ထိခိုက်ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်းတပ်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု ကျောင်းသား ၄ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လို့ ကျောင်းသား/သူ ၄ ဦးသေဆုံးပြီ ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သီပေါမြို့နယ်ဘက်ကို စစ်ကောင်စီထိုးစစ်ဆင်၊ ကျောက်မဲ–သီပေါကြားရှိ လွယ်ခေါ်ရွာမှာ တိုက်ပွဲပြင်းထန်နေ

ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်–TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်ဘက်ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

သီပေါနဲ့ နမ္မတူကို ဆက်သွယ်ထားတဲ့ မိုးတေတံတား ကျိုးကျပျက်စီးခြင်း မရှိ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါနဲ့ နမ္မတူမြို့နယ်ကို ဆက်သွယ်ထားတဲ့ မိုးတေတံတား မိုင်းခွဲဖျက်ဆီးခံရတာမရှိဘဲ အရင်အတိုင်းသာ ဆက်ရှိနေတယ်လို့ သိရပါတယ်။

မိုင်းငေါမြို့ကို စစ်ကောင်စီဗုံးကြဲ၊ ဒေသခံ ၂ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရ၊ TNLAထိန်းချုပ်မြို့ အားလုံးနီးပါးကို ဗုံးဆက်တိုက်ကြဲနေ

ဒီနေ့ အောက်တိုဘာ ၈ရက် မနက်ပိုင်း ၁၁နာရီဝန်းကျင်မှာ PSLF/TNLAထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့ကို ပေါင် ၂၅၀ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ဖားကန့်၊ ဝိုင်းမော်၊ ဗန်းမော်တွေမှာ တိုက်ပွဲဆက်ဖြစ်ပွါးနေ

ကချင်ပြည်နယ်၊ ဖားကန့်၊ ဝိုင်းမော်၊ ဗန်းမော်တွေမှာ မနေ့ အောက်တိုဘာလ ၆ ရက် သီတင်းကျွတ်လပြည့် နေ့ကစ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ပြင်းထန်နေတဲ့ နေရာတွေလည်း ရှိတယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မုံရွာ-ချောင်းဦးနယ်စပ် လမ်းပိုင်းတစ်နေရာမှာ ဆီမီးသပိတ်ပြုလုပ်နေတဲ့ ပြည်သူတွေကို စက်တပ်လေထီးနဲ့ တိုက်ခိုက်၊ ပြည်သူ ၄၀ ဦးသေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရ

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးနယ်စပ် မုံရွာ-အမြန်လမ်းတ‌စ်နေရာမှာ ဆီးမီးသပိတ်ပြုလုပ်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို‌ ပြောပါတယ်။

ကျောက်မဲနယ်ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ပြီး သီတင်းကျွတ် လူစုဝေးနေချိန်ဖြစ်လို့ ကလေးငယ်ပါအဝင် ၁၀ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်မဲမြို့နယ် မိုင်းလုံမြို့အနီးရှိ မယ်ဟုန်ကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၁၀ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။