လားရှိုးကို စစ်ရှောင်သွားကြတဲ့ ကျောက်မဲနဲ့ သီပေါက ဒေသခံနှစ်ဦး အချိန်မှီ ဆေးမကုနိုင်တာကြောင့် သေဆုံး

တိုက်ပွဲတွေကြောင့် လားရှိုးမြို့ထဲကို စစ်ရှောင်သွားကြတဲ့ ရှမ်းမြောက် ကျောက်မဲက ဒေသခံတစ်ဦးနဲ့ သီပေါက ဒေသခံတစ်ဦး အချိန်မှီ ဆေးမကုသနိုင်တာကြောင့် သေဆုံးသွားခဲ့ရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

ကျောက်မဲမြို့နယ် တောဆန့်ရွာကို စစ်ကောင်စီ ဗုံးကြဲ၊ SSPPတပ်စခန်းအနီး ကျရောက်ခဲ့တယ်လို့ ဆို

ကျောက်မဲမြို့နယ်ထဲရှိ တော့ဆန်ကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဗုံးကြဲမှုဟာ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPPတပ်စခန်းအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

လားရှိုးမြို့ ရမခတိုင်းထဲမှာ စစ်ကောင်စီတပ်က ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အခိုင်အမာပြုလုပ်ပြီး ခံစစ်ပြင်နေ

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲမှာ စစ်ကောင်စီတပ်က ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်းတွေ အခိုင်အမာလုပ်ပြီး ခံစစ်ပြင်နေတယ်လို့ ရမခတိုင်းတွင်းထဲက အခြေအနေကိုသိတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းလုံ မန်ဟုန်းကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုမှာ ဒဏ်ရာရရှိသူ ၃ဦးလုံး ထပ်မံသေဆုံးသွားတာကြောင့် စုစုပေါင်း သေဆုံးသူ ၁၃ ဦး ရှိလာ

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲခရိုင် မိုင်းလုံမြို့အထက်ရှိ မန်ဟုန်းကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသူထဲက ၃ ဦး ထပ်မံသေဆုံးသွားတာကြောင့် သေဆုံးသူ စုစုပေါင်း ၁၃ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

မန္တလေး-မိုးကုတ်လမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ် ထိုးစစ်ဆင်နေ၊ မန္တလေး-မိုးကုတ်လမ်းပိုင်းကိုလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထား

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မန္တလေး-မိုးကုတ်လမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တချို့က ရွှေဖီမြေကို ပြောပါတယ်။

သီပေါနဲ့ ကျောက်မဲကြား စစ်ကောင်စီနဲ့ TNLAတို့ တိုက်ပွဲ ဆက်ပြင်းထန်နေ

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ကျောက်မဲနဲ့ သီပေါမြို့နယ်ကြားမှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်–TNLA အကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ချောင်းဦးက ငါးလုံးတင်ရွာမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ငါးလုံးတင်ရွာမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်အနောက်ရွာကို စစ်တပ်က ဗုံးကြဲလို့ ကလေးငယ် ၅ ဦးသေဆုံး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၅ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်ရှိ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးမိတ်မြို့နယ်ထဲကို စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ် အောင်မြေရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA မှ ထုတ်ပြန်ပါတယ်။

မိုးမိတ်နယ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးသူ ကလေး ၁ ဦးအပါ ၈ ဦးအထိ ရှိလာ၊ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်လို့ တအာင်းတပ်ထိန်းချုပ်ဒေသမှာ သေဆုံးသူ ၂၈ဦးထိ ရှိလာ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နယ် ဝဲဘောင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမဘဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှု‌ကြောင့် သေဆုံးသူ ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။