Browsing Category
သတင်း
3107 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ဖော့တော့လမ်းဆုံကို စစ်ကောင်စီတပ် ပြန်ရပြီးနောက် မိုးကုတ်မြို့ကို ထိုးစစ်ဆင်လာ
မန္တလေး- မိုးကုတ်လမ်းနဲ့ မိုးကုတ်-သပိတ်ကျင်းလမ်းခွဲ သပိတ်ကျင်းမြို့နယ် ဖောတော့လမ်းဆုံကို စစ်ကောင်စီတပ် ပြန်ရပြီးနောက် တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ဘက် ထိုးစစ်ဆင် တိုက်ခိုက်လာတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တချို့က ရွှေဖီမြေကို ပြောပါတယ်။
ဖလမ်းမြို့နယ်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အိန္ဒိယဘက် ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်းတွေကို စစ်ကောင်စီထံ ပြန်လွှဲပေး
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ချင်းတော်လှန်ရေးအချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အိန္ဒိယဘက် ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်းတွေကို အိန္ဒိယစစ်တပ်က စစ်ကောင်စီထံ ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ ချင်းစစ်ရေးသတင်းအရင်းမြစ်ဆီက သိရပါတယ်။
မြောင်က ဇရပ်ကုန်းရွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့ အရပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြောင်မြို့နယ်(T.G.R) ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မဘိမ်းမှာ သေနတ်ကိုင်တဲ့ လူတစ်စုက သိန်း ၂၀၀ တောင်း၊ မပေးနိုင်ပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်
ကချင်တပ်မတော် KIA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မဘိမ်းမြို့က နေအိမ်တစ်ခုမှာ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၅ ဦးက ကျပ်ငွေ သိန်း ၂၀၀ တောင်းပြီး မပေးနိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ကြောင်း မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တာချီလိတ်နဲ့ တန့်ယန်းမှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း အတိအကျလာပေးဖို့ ဖိအားပေး
ရှမ်းမြောက် တန့်ယန်းမြို့နဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့က ရပ်ကွက်တချို့က ဒေသခံတွေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ လူဦးရေစာရင်း အတိအကျလာပေးဖို့ စစ်ကောင်စီက ဖိအားပေး ပြောဆိုနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။