စစ်ကောင်စီကို ပြန်ပေးမယ့် မိုးကုတ်မှာ PSLF/TNLA ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆက်လည်ပတ်နေပြီး ဒေသခံတချို့ တိမ်းရှောင်နေ

စစ်ကောင်စီကို ပြန်လည်လွှဲပြောင်းပေးရမယ့် မန္တလေးတိုင်း မိုးကုတ်မြို့မှာ တအာင်းတပ်မတော်–PSLF/TNLA ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဆက်ရှိနေပြီး ဒေသခံတချို့ တိမ်းရှောင်နေကြတယ်လို့ မြို့ခံတွေက ရွှေဖီမြေ ကို ပြောပါတယ်။

ကသာမြို့နယ် ညောင်ခြေထောက်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကသာမြို့နယ် ညောင်ခြေထောက်ရွာကို စစ်ကောင်စီတပ်က‌ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

ကျောက်ဖြူမြို့နယ်မှာ လေကြောင်း တိုက်ခိုက်လို့ အရပ်သား ၅ ဦးသေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ ကုန်ဘွေရွာကို စစ်ကော်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတွေအပါအဝင် ၅ ဦး သေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီ လေကြောင်း၊ဒရုန်းတွေနဲ့ ဗုံးဆက်တိုက်ကြဲနေ၊ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မန္တလေး-PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသမီး ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေ က စုံစမ်းသိရှိရပါတယ်။

မိုးကုတ်မြို့ကာကွယ်ရေးနဲ့ တော်လှန်ရေးတာဝန်ကိုပြန်လည်ထမ်းဆောင်ဖို့ တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ ရဲဘော်တွေကို မိုးကုတ်ဗျူဟာ ပြန်လည်ဖိတ်ခေါ်

မန္တလေးတိုင်း မိုးကုတ်မြို့ ကာကွယ်ရေးနဲ့ တော်လှန်ရေးတာဝန်ကို ပြန်လည်ထမ်းဆောင်ဖို့ တပ်ဖွဲ့နဲ့ ကင်းကွာနေတဲ့ ရဲဘော်တွေကို ပြန်လည်ဖိတ်ခေါ်တယ်လို့ ဒီနေ့ အောင်တိုဘာ ၃၁ ရက်မှာ မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်ကိုပို့မယ့် စက်သုံးဆီတင် တွဲကား ၄ စီး မန္တလေးမှာ မီးလောင်

စစ်ကောင်စီက စက်သုံးဆီ တင်ပို့မှု ကန့်သတ်ထားတဲ့ ရှမ်းမြောက်ကို ပို့ဆောင်မယ့် ဆီတင်တွဲကား ၄ စီးဟာ ဒီနေ့ နေ့လယ်ပိုင်းက မန္တလေးမှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လောင်းလုံးမြို့နယ် မောင်းမကန် ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲက စစ်ကောင်စီ လက်အောက်ခံ မောင်းမကန် ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနက ဒီနေ့ အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပေါက်တောကို စစ်ကောင်စီက လက်နက်ကြီးကျည် ပစ်ခတ်လို့ ကလေးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးကျည် ပစ်ခတ်လို့ ကလေးတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ငလျင်ဒဏ်သင့် ဖြိုလက်စအဆောက်အဦးပြိုကျတာကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်မှာ ငလျင်ဒဏ်သင့် ဖြိုလက်စအဆောက်အဦးတစ်လုံး ပြိုကျမှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေ့သူ ဒေသခံတွေက ပြောပါတယ်။

ရွှေလီမှာ တရားမဝင် အလုပ် လုပ်နေတဲ့ အမျိုးသမီးတွေကို တရုတ်ရဲက ဝင်ရောက်ဖမ်းဆီး

တရုတ်နိုင်ငံ ရွှေလီမြို့မှာ တရားမဝင် အလုပ် လုပ်နေတဲ့ အမျိုးသမီး ၃၀ ကျော်ကို တရုတ်ရဲက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။