သပိတ်ကျင်းနဲ့ စဉ့်ကူးကို စစ်ကောင်စီတပ် ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်သေဆုံးမှုများ
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်ထဲ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတချို့က ရွှေဖီမြေကို ပြောပါတယ်။