Browsing Category
သတင်း
3107 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ဝ”၊ မွန်နဲ့ တအာင်းလူငယ်အဖွဲ့ ထုတ်ပြန်
လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်သွားမယ်လို့ မွန်ခမာမျိုးနွယ်ဖြစ်တဲ့ “ဝ”၊ မွန်နဲ့ တအာင်းလူငယ်အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ပူးတွဲထုတ်ပြန်လာပါတယ်။
သီပေါမှာ တအာင်းတပ်နဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၃၅ ဦး ဖမ်းဆီးစစ်ဆေးခံရ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ တအာင်းတပ်နဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၃၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တီးတိန်-သိုင်းငင်း ကားလမ်းကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီက သိုင်းငင်းရွာမှာ မိုင်းနင်းမိလို့ ၇ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရ
ချင်းပြည်နယ် တီးတိန်မြို့နယ် တီးတိန်-သိုင်းငင်း ကားလမ်းကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ သိုင်းငင်းရွာမှာ မိုင်းနင်းမိလို့ ၇ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
စစ်ကောင်စီနဲ့ အပစ်ရပ်ပြီးနောက် တအာင်းတပ် ထိန်းချုပ်ထားတဲ့ နောင်တောင်း နယ်စပ်ဂိတ် တရုတ် ပြန်ဖွင့်ပေး
စစ်ကောင်စီနဲ့ အပစ်ရပ်ပြီးနောက် တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့ကနေ တရုတ်နိုင်ငံဘက် ဆက်သွယ်ထားတဲ့ နောင်တောင်း နယ်စပ်ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်ပေးပြီလို့ သိရပါတယ်။
ရွာငံအခြေစိုက် ချိုးဖြူတပ်ဖွဲ့ DPLA ထံ ပူးပေါင်း၊ ဓနုတော်လှန်ရေးတပ် ၂ ဖွဲ့ ပူးပေါင်းတာဟာ တော်လှန်ရေးကို ပိုအားကောင်းစေတယ်လို့ DPLA ပြော
ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖြစ်တဲ့ ချိုးဖြူ တော်လှန်ရေးတပ် (ရွာငံ PDF)- JPRF က ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်- DPLA ထံ ပူးပေါင်းလိုက်ကြောင်း ချိုးဖြူတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီတပ်က သာလွန်အင်အားနဲ့ ထိုးစစ်ဆင်နေလို့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း တိုက်ပွဲ ပိုမိုပြင်းထန်လာတာကြောင့် စစ်ရေးသတိ ရှိကြဖို့ မန္တလေး PDF တိုက်တွန်း
မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်အကြား တစ်နေ့ထက်တစ်နေ့ တိုက်ပွဲ ပိုမိုပြင်းထန်လာတာကြောင့် လူထုအနေနဲ့ စစ်ရေးသတိ ရှိကြဖို့ လိုအပ်ကြောင်း မန္တလေး PDF က ဒီနေ့ ထုတ်ပြန်လာပါတယ်။