ပြင်ဦးလွင်က ရွှေဆိုင်တစ်ခုကို သေနတ်ကိုင်တဲ့ အမျိုးသား ၂ ဦးက ဓားပြဝင်တိုက်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့က ရွှေဆိုင်တစ်ခုထဲ သေနတ်ကိုင်ထားတဲ့ အမျိုးသား ၂ ဦးက ဓားပြဝင်တိုက်လို့ ရွှေတွေ ပါသွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတိုင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၇၀ ကျော် AA ဖမ်းဆီးရမိ

ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်နဲ့ ရခိုင်-ဧရာဝတီတိုင်းအစပ် တိုက်ပွဲတွေမှာ အလင်းဝင်လာသူအပါအဝင် စစ်ကောင်စီတပ်သား ၇၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခတပ်တော်- AA က မနေ့ နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကနီမြို့နယ် ဝင်းမနားရွာက ဆေးရုံကို စစ်တပ် ဗုံးကြဲတိုက်ခိုက်လို့ လူနာ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့မြောက်ခြမ်း ဝင်းမနားရွာက ဆေးရုံတစ်ခုကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနာ ၈ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ကိုဂျိုးဖြူက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်ကနေ မဆုတ်ခွာခင် တအာင်းတပ်က မြို့ခံတွေကို မိုးကုတ်ဂေါက်ကွင်းမှာ ကျောက်တူးဖော်ခွင့် ပေးထား

စစ်ကောင်စီကို ပြန်ပေးမယ့် မန္တလေးတိုင်း မိုးကုတ်မြို့မှာ တအာင်းတပ်မတော်- PSLF/TNLA က မြို့ခံတွေကို မိုးကုတ်ဂေါက်ကွင်းမှာ ကျောက်တူးဖော်မှု ခွင့်ပြုပေးထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုးမိတ်မြို့ကို စစ်ကောင်စီလက်အောက် မရောက်အောင် ခုခံကာကွယ်သွားမယ်လို့ မိုးမိတ်ခရိုင် ပကဖပြော

တအာင်းတပ်မတော်- PSLF/TNLA က စစ်ကောင်စီကို ပြန်ပေးမယ့် ရှမ်းမြောက် မိုးမိတ်မြို့ကို စစ်ကောင်စီလက်အောက် မရောက်အောင် ခုခံကာကွယ်သွားမယ်လို့ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖားကန့်မြို့နယ် ကထန်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ အမေဖြစ်သူ သေဆုံးပြီး ၃ နှစ်အရွယ် သားဖြစ်သူက ပြင်းထန်ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကထန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကန့်ဘလူ ကျီကျင်းရွာက နေအိမ်တွေကို စစ်တပ်နဲ့ ပျူစောထီး မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီကျင်းရွာက ဒေသခံရဲ့ နေအိမ်တွေကို စစ်‌ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြစ်ကြီးနားက ပွဲဈေးတန်းရှေ့မှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်က ပွဲဈေးတန်းရှေ့မှာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

RCSS ဖမ်းဆီးသွားတဲ့ ပင်းတယက လူငယ်အမျိုးသား ၂၀ ကျော် ပြန်မလွှတ်သေး

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS က ဖမ်းဆီးသွားတဲ့ ရှမ်းတောင် ဓနုဒေသ ပင်းတယမြို့နယ်ထဲက လူငယ်အမျိုးသား ၂၀ ကျော်ကို လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုးကန့်တပ်က ၄ မိုင် ရှည်လျားတဲ့ ကွမ်းလုံမြို့ရှောင်လမ်းအသစ် ဖောက်လုပ်မယ်

ကိုးကန့်တပ်- MNTJP/MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံမှာ ယဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ဖို့ မြို့ရှောင်လမ်းအသစ် ဆောက်လုပ်သွားမယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။