ရွှေဘိုမြို့နယ် သစ်ချိုပင်ရွာကို ‌‌လေ‌ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ ၇ နှစ် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် သစ်ချိုပင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်တာကြောင့် ၇ နှစ် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ Wetlet Information Network ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

‎မန္တလေး ဈေးချိုက ဆိုင် ၅၀ ကျော် စစ်ကောင်စီတပ် ဖျက်ဆီး

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဈေးချိုမှာ ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပြီးနောက် လမ်းဘေးဈေးဆိုင် ၅၀ ကျော်ကို စစ်ကောင်စီတပ်နဲ့ရဲက ဖျက်ဆီးခဲ့ကြောင်း မြို့ခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

မိုးကုတ်-မိုးမိတ်လမ်း ၅ မိုင်ဂိတ်မှာ စစ်ကောင်စီတပ်က လီဆူလူမျိုးကို စစ်ဆေးမှု တင်းကြပ်၊ ဖမ်းဆီးခံရသူ ၄ ဦးထက်မနည်းရှိ

စစ်ကောင်စီတပ်ဟာ မိုးကုတ်-မိုးမိတ်လမ်းကို ထိန်းချုပ်ခွင့် ရပြီးနောက် မိုးကုတ်-မိုးမိတ်လမ်း ၅ မိုင်ဂိတ်မှာ လီဆူလူမျိုးကို စစ်ဆေးမှု တင်းကြပ်နေပြီး ဖမ်းဆီးခံရသူ ၄ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ပထမပတ်အတွင်း ဘုတလင်မြို့နယ်ထဲ လေကြောင်းကနေ ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ပထမအပတ်မှာ လေကြောင်းကနေ ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ တော်လှန်ရေး‌ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမှာ နေအိမ်ဆက်တိုက် ချိတ်ပိတ်ခံနေရပြီး မြို့ခံ ၂ ဦးထပ်မံ ဖမ်းဆီးခံရ

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က နေအိမ်ဆက်တိုက်ချိတ်ပိတ်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မြို့အနီးကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲ

မနေ့ ဒီဇင်ဘာ ၃ရက် မနက် ၁၂နာရီ နာရီဝန်းကျင်မှာ မန္တလေးတိုင်း မိုးကုတ်မြို့အနီး ထင်းရှူးတောင်ရွာကို စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎မန္တလေးမှာ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဆန္ဒပြသူတွေကို အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးနေ

‎မန္တလေးတိုင်း ‌ချမ်းအေးသာစံမြို့နယ်ရှိ ဈေးချိုနဲ့ လမ်းသွယ်တချို့မှာ မနေ့ ဒီဇင်ဘာ ၃ ရက် မနက်က ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသူတွေကို ဒီနေ့ မနက် ဒီဇင်ဘာ ၄ ရက်အထိ အုပ်ချုပ်ရေးမှူးတွေနဲ့အတူ စစ်ကောင်စီတပ်က မေးမြန်းစစ်ဆေးရှာဖွေခဲ့ကြောင်း မြို့ခံအမျိုးသမီးရဲ့ပြောပြချက်အရ သိရပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်က တပ်သားသစ်တွေ ခေါ်ယူနေ

ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ချောင်းဦးက ချောင်းမနားရွာကို ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးကြဲခံရပြီး အရပ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ချောင်းမနားရွာကို စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ Monywa Revolution – MR မှ တာဝန်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

မိုးမိတ်မှာ စစ်ကောင်စီတပ်က မြို့ပြင်နေရာတွေအထိ တပ်စွဲထား၊ မိုးမိတ်-တွင်းငယ် လမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေ

တရုတ်ရဲ့ ကြားဝင်မှုနဲ့ ရှမ်းမြောက် မိုးမိတ်မြို့ကို ပြန်ရခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မြို့ပြင်နေရာတွေအထိ တပ်စွဲထားပြီး မိုးမိတ် – တွင်းငယ်လမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတချို့က ရွှေဖီမြေကို ပြောပါတယ်။