မတူပီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ (၅) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်

ချင်းညီနောင် (CB) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်ကို ဒီနေ့ ဒီဇင်ဘာ ၁၂ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာပေမယ့် လားရှိုးမှာ မဲဆွယ်စည်းရုံးရေးတွေ မတွေ့ရသေး

ရှမ်းမြောက် လားရှိုးမြို့မှာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း (၁) မှာ ထည့်သွင်းထားပေမယ့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်တာတွေ မတွေ့ရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

လားရှိုးမှာ မူးယစ်ဆေးဝါး သုံးစွဲသူ ပိုများလာပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း မူးယစ်ဆေး အကြောင်းပြပြီး ငွေတောင်းကြမ်းနေ

ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၅) မန်အိုင်ဖက်မှာ မူးယစ်ဆေး သုံးစွဲသူတွေ ပိုများလာပြီး စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း မူးယစ်ဆေးဝါးအကြောင်းပြပြီး ငွေတောင်းကြမ်းနေတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

လားရှိုး ရပ်ကွက် (၇)မှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းက ဌာနဆိုင်ရာတွေဆီ တစ်လ သိန်း ၃၀၀ လိုင်းကြေးပေးကာ ဆက်ဖွင့်နေပြီး ရပ်ကွက်အတွက် အနှောက်အရှက်ဖြစ်နေ

စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၇) ၁၉ လမ်းမှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းတစ်ခုဟာ ဌာနဆိုင်ရာတွေဆီ တစ်လ သိန်း ၃၀၀ လိုင်းကြေးပေးပြီး ဆက်ဖွင့်နေလို့ မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကောလင်းက လေကြောင်းတိုက်ခိုက်ခံရမှုမှာလည်း ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကောလင်းအရှေ့ခြမ်းက ကန်ပေါက်တာရွာနဲ့ တံဇူးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်ထဲ ဝင်လာသူတချို့ ဇီးပင်ကြီးဂိတ်မှာ မှတ်ပုံတင် ပေးထားခဲ့ရ၊ မပေးရင် ငွေ ၃ သောင်းပေးဖို့ စစ်ကောင်စီတပ်ပြော

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ထဲ ဝင်လာတဲ့ လူထုတချို့ကို စစ်ကောင်စီတပ်က ပြင်ဦးလွင်နဲ့ မန္တလေးကြားက ဇီးပင်ကြီးဂိတ်မှာ မှတ်ပုံတင်‌ ထားခိုင်းပြီး မထားရင် ငွေကျပ် ၃ သောင်း ပေးဆောင်ခိုင်းတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

လူအစုလိုက်အပြုံလိုက် သေစေခဲ့တဲ့ မြောက်ဦး ဗုံးကြဲမှုအပြီး နောက်တစ်ရက် ကျောက်ဖြူမြို့နယ်ကိုလည်း လေကြောင်းကနေ ထပ်မံဗုံးကြဲ တိုက်ခိုက်လို့ ၈ ဦးသေဆုံး၊ ၈ ဦးထက်မနည်း ဒဏ်ရာရ

အရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် မြောက်ဦးမြို့ ဆေးရုံကို ဗုံးကြဲပြီး နောက်တစ်ရက် ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ထဲကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဟိုပုံးနဲ့ တောင်ကြီးလမ်းမှာ ကုန်ကားတစ်စီးကို စစ်တပ်နဲ့ PNOတပ်က ငွေကျပ်သိန်းချီ တောင်းခံနေ

ရှမ်းတောင် ဟိုပုံးနဲ့ တောင်ကြီးလမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ စစ်တပ်လက်အောက်ခံဖြစ်တဲ့ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့က ဖြတ်သန်းသွားလာနေတဲ့ ကုန်ကားတစ်စီးကို ငွေ သိန်းချီတောင်းခံနေတယ်လို့ ကြုံခဲ့သူ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်က လီဆူဒေသခံ ၃ ဦးကို ဆယ်ရက်ကြာတဲ့အထိ စစ်ကောင်စီတပ်က ဖမ်းဆီးထား၊ မိသားစုဝင်တွေ ပေးမတွေ့တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ မိုးကုတ်မြို့နယ်ထဲက ပိန်းပြစ်ရွာခံ လီဆူလူမျိုး ၃ ဦးကို ဂိတ်စောင့်တဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးထားခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖလမ်းမြို့အနီးမှာ အင်အား ၃၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ရဲ့ လက်နက်တချို့လည်း သိမ်းဆည်းရမိ

ချင်းညီနောင်အဖွဲ့သိမ်းပိုက်ထားတဲ့ ချင်းပြည် ဖလမ်းမြို့အနီးမှာ အင်အား ၃၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ထိတွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။