တွေ့ဆုံဆွေးနွေးဖို့ သွားနေချိန် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်ကို လက်နက်ကြီးနဲ့ လေကြောင်း ၁၈၀ ကြိမ် နီးပါး တိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန်
တရုတ်နိုင်ငံ ကူမင်းမြို့မှာ TNLA က ဆွေးနွေးပွဲ သွားနေချိန် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ နယ်မြေကို လက်နက်ကြီးနဲ့ လေကြောင်း ၁၇၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ TNLA က ထုတ်ပြန်ထားပါတယ်။