Browsing Category
သတင်း
3046 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
စစ်တပ်က မြောက်ဦးဆေးရုံကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုအပေါ် MNDAAနဲ့ TNLA ကန့်ကွက်ရှုတ်ချ၊ အခုလုပ်ရပ်ဟာ မြန်မာနိုင်ငံကို ကျဆုံးအနိုင်အဖြစ် အဆုံးစွန်အထိ တွန်းပို့နေတာလို့ ထုတ်ပြန်
အရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် မြောက်ဦးမြို့မှာ အရပ်သားတွေ ဆေးကုသနေတဲ့ ဆေးရုံကြီးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုးကန့်တပ်-MNDAA နဲ့ တအာင်းတပ် -TNLA တို့က ကန့်ကွက်ရှုတ်ချကြောင်း မနေ့ ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၁၁ ဦးသေဆုံး
ပဲခူးတိုင်း နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၁ ဦးသေဆုံးခဲ့တယ်လို့ ပဲခူးရိုးမ PDF- ဗျူဟာ ၂၂ က မနေ့ ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
ရွှေဘိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ၁၆ကြိမ်ထက်မနည်း ဗုံးကြဲလို့ သံဃာတော် ၁ ပါးအပါအဝင် ဒေသခံ ၄ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၁ ပါးအပါအဝင် ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။
နမ္မတူမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အိမ်နီးချင်း အမျိုးသားက အဓမ္မပြုကျင့်
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် ပန်ဆော့ကျေးရွာအုပ်စုက ကျေးရွာတစ်ခုမှာ အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အိမ်နီးချင်းဖြစ်သူ အသက် ၂၂ အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြုကျင့်ခံရသူရဲ့ မိသားစုဝင်တွေစီက သိရပါတယ်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းနိုင်မှုဟာ တော်လှန်ရေးအရွေ့တစ်ခုဖြစ်တယ်လို့ SRA ပြော
ခိုင်မာကျယ်ပြန်တဲ့ နွေဦးတော်လှန်ရေးတပ်တစ်ရပ် ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး နိုင်ငံတဝန်းရှိ နွေဦးတော်လှန်ရေးတပ် ၁၉ ဖွဲ့နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု- SRA ကို ဖွဲ့စည်းခဲ့ကြောင်း မနေ့ ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဘယ်သူနဲ့မှ တွေ့ခွင့်မရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းထောင်ထဲမှာ နေကောင်းကျန်းမာတယ်လို့ စစ်ကောင်စီထုတ်ပြန်
စစ်ကောင်စီတပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မဲမသမာမှုဆိုတဲ့ စွပ်စွဲချက်နဲ့ အကျဉ်းထောင်ချခဲ့ပြီး သားဖြစ်သူအပါအဝင် ဘယ်သူနဲ့မှ ပေးမတွေ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်ကို လူတွေက စိုးရိမ်ပူပန်မှု မြင့်တက်လာနေပါတယ်။
လားရှိုးမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ဖမ်းဆီး၊ အမျိုးသား ၁ ဦး ထိမှန်သေဆုံးပြီး လမ်းမှာတင် စွန့်ပစ်ခဲ့
ရှမ်းမြောက် လားရှိုးမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ဖမ်းဆီးချိန် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေတွေကို ပြောပါတယ်။
စဉ့်ကူးမြို့နယ် လက်ပံလှရွာကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ဒေသခံနေအိမ်တွေ မီးလောင်နေ
တော်လှန်ရေးတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နေအိမ်တွေ မီးလောင်မှု ဖြစ်ပွါးနေတယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။