စစ်ရေးအရှိန် လျှော့ချဖို့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နောင်ချိုမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်လက် ပြင်းထန်နေ
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ရေးအရှိန် လျှော့ချဖို့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။