လားရှိုးမြို့ နေရာ ၃ ခုထက်မနည်းမှာ ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက်မှုရှိနိုင်

ဒီနေ့ ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာဝန်းကျင်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်း​မြောက် လားရှိုးမြို့ရှိ နေရာ ၃ ခုထက်မနည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုရှိနိုင်တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒရုန်းနည်းပညာ၊ တရုတ်အကူအညီနဲ့ စစ်ကောင်စီခေါင်းပြန်ထောင်လာနိုင်တဲ့ ၂၀၂၅ ခုနှစ်

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ နိုင်ငံတဝန်း စစ်ရေးအရှုံးများနေတဲ့ စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် ဝင်ရောက်လာချိန်မှာ စစ်ရေးအရ နယ်မြေတချို့ကို ပြန်ရရှိခဲ့ပြီး စစ်ကောင်စီ ပြန်လည်ခေါင်းထောင်လာတဲ့ နှစ်ဆိုရမှာ ဖြစ်ပါတယ်။

နမ္မတူမှာ သက်ငယ်အဓမ္မပြုကျင့်မှု ထပ်မံဖြစ်ပွါးပြီး ကျူးလွန်သူကို တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီး

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်ထဲက နောက်ထပ်ကျေးရွာတစ်ခုမှာ သက်ငယ်အဓမ္မပြုကျင့်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ကျောက်မဲအဝင်မှာ တအာင်းလူမျိုးတွေကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်၊ ငွေအဆမတန်တောင်းနေပြီး ဆေးပစ္စည်းတင်ရင် သိမ်းယူတာတွေ ရှိနေ

စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အဝင်မှာ တအာင်းလူမျိုးတွေကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်ပြီး ငွေအဆမတန်တောင်းခံတာတွေ ပြုလုပ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ရှမ်းတောင်က ဘိန်းစိုက်ခင်း ၂၆၈ ဧကကို ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်လာ

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ရက်နေ့က ရှမ်းတောင် လွိုင်လင်၊ဟိုပုံး၊ပင်လောင်းနဲ့ဆီဆိုင်မြို့နယ်တွေထဲက ဘိန်းစိုက်ခင်း ၂၆၈ဧကကို ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီတပ်ဘက်က ထုတ်ပြန်ပါတယ်။

မုံရွာနဲ့ ချောင်းဦးမြို့နယ်က စစ်ရှောင် ၂ သောင်းကျော် အရေးပေါ်အကူညီလိုအပ်နေ

စစ်ကိုင်းတိုင်း မုံရွာနဲ့ ချောင်းဦးမြို့နယ် စစ်ရှောင် ၂ သောင်းကျော်ဟာ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ monywa Revolution -MR က ရွှေဖီမြေကိုပြောပါတယ်။

နမ္မတူချောင်းနဲ့အတူ ပိုင်ရှင်မဲ့ အမျိုးသမီး အလောင်း ၁ လောင်းတွေ့ရှိ

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ နမ္မတူချောင်းနဲ့အတူ ပိုင်ရှင်မဲ့ အမျိုးသမီး အလောင်း ၁ လောင်းတွေ့ရှိခဲ့တယ်လို့ နမ္မတူမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပခုက္ကူမြို့နယ် ဇောင်ဂျမ်းကုန်းရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီး

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဝက်လက်မြို့နယ် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲလို့ စစ်ရှောင် ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ ခရီးသွားဒေသခံ ယာဉ်တန်းတွေ ပိတ်မိနေချိန်ကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ဒေသခံ ၁၂ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းမှာ ခရီးသွားဒေသခံတွေရဲ့ ယာဉ်တန်းပိတ်မိနေတဲ့အချိန်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။