ဘုတလင်မြို့နယ်ကို စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကင်းစမ်းရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မိုးမိတ်မြို့နယ် ရေတံခွန်နဲ့ ဘော်ဒေရွာကို စစ်ကောင်စီဗုံးကြဲ၊ ဘုန်းကြီးတွေအပါအဝင် ထိခိုက်သေဆုံးမှုများ

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းမြောက် မိုးမိတ်မြို့နယ် ရေတံခွန်နဲ့ ဘော်ဒေရွာကို စစ်ကောင်စီဗုံးကြဲခဲ့ပြီး ဘုန်းကြီးတွေအပါအဝင် ထိခိုက်သေဆုံးမှုများတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ပြင်ရှိ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

တရုတ်အကူအညီနဲ့ စစ်ကောင်စီပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ပြင်ရှိ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေဘက်က ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာကို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇ ဦးအထိရှိလာ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး နှစ်ဦးအပါအဝင် သေဆုံးသူ ၇ ဦးအထိရှိလာတယ်လို့ Wetlet Information Network က မနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထပ်မံ ထုတ်ပြန်ထားပါတယ်။

တန့်ယန်းမှာ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီး ငွေသိန်း ၅၀၀ နဲ့ ပြန်ရွေးခိုင်း

ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ အသက် ၁၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး အမျိုးသား ၆ ဦးက ပြန်ပေးဆွဲခဲ့ပြီး ငွေသိန်း ၅၀၀ နဲ့ ပြန်ရွေးခိုင်းတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။

မိုးကုတ်က ကျောက်လုပ်ကွက်တစ်ခုက မန်နေဂျာကို စစ်ကောင်စီတပ်က ဖမ်းဆီး

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ ကျောက်လုပ်ကွက်တစ်ခုက မန်နေဂျာတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း မိုးကုတ်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘီလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦသေဆုံးပြီး ၁ ဦးဒဏ်ရာ

မွန်ပြည်နယ် ဘီလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့တယ် ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

မိုးကုတ်မှာ စစ်ကောင်စီနဲ့ PDF တပ်တွေအကြား ၂ ပတ်ကျော်အတွင်း တိုက်ပွဲ ၁၅ ကြိမ်​ဖြစ်ပွား၊ စစ်တပ်ဘက် ၁၈ သေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ

တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီပြန်ရခဲဲဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်- PDF တပ်တွေအကြား ၂ ပတ်ကျော်အတွင်း တိုက်ပွဲ ၁၅ ကြိမ်​ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG က သတင်းထုတ်ပြန်လာပါတယ်။

တီးတိန်မြို့ပေါ်က Non CDM ဝန်းထမ်းတွေအားလုံး မဖြစ်မနေမဲပေးဖို့ ညွန်ကြားထား

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်က Non CDM ဝန်ထမ်းတွေအားလုံး လာမယ့် ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးကြဖို့ ဌာနဆိုင်ရာတွေကို ညွှန်ကြားထားတယ်လို့ Non CDM ကျန်းမာရေးဝန်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေ

ရှမ်းမြောက် မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။