သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ဆက်ဖြစ်နေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တအာင်းတပ်မတော်- TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သီပေါမြို့အဝင် မုခ်ဦးမှာ ပါရှိတဲ့ ရှမ်းပြည်အလံနဲ့ ရှမ်းစာသားကို ပြောင်းလဲပြုပြင်တဲ့အပေါ် ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေ ကန့်ကွက်

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့အဝင် မုခ်ဦးမှာ ပါရှိတဲ့ ရှမ်းပြည်အလံနဲ့ ရှမ်းစာသားကို ပြောင်းလဲပြုပြင်တဲ့အပေါ် ရှမ်းအရပ်ဖက် အင်အားစုက ကန့်ကွက်ကြောင်း မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ကြေညာချက် ထုတ်ပြန်လာပါတယ်။

နမ္မတူမြို့နယ်ထဲ ကျင်းပခဲ့တဲ့ ပညာရေးစုံညီပွဲတော်နဲ့ KG ကျောင်းဆင်းပွဲ

တအာင်းပြည် ပညာရေးကောင်စီ- TLEC ဖွင့်လှစ်ထားတဲ့ နမ္မတူမြို့နယ်ထဲက စာသင်ကျောင်းတွေမှာ ပြုလုပ်ခဲ့တဲ့ ပညာရေးစုံညီပွဲတော်နဲ့ KG ကျောင်းဆင်းပွဲ မြင်ကွင်းပဲ ဖြစ်ပါတယ်။

အင်းလေးတောင်ပိုင်းမှာ လက်နက်ကြီးကျလို့ လူနေအိမ်တစ်လုံး မီးလောင်ပျက်စီး

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေပူကျေးရွာအုပ်စု ရေပူရွာမှာ လက်နက်ကြီး ကျရောက်မှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ ဒေသတွင်း နေထိုင်သူတွေက ပြောပါတယ်။

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

KIA ထိန်းချုပ်နယ်မြေ လန်ဆယ်၊ ဆဒုံး၊ လိုင်ဇာဘက် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဆော့လော်မြို့နယ် လန်ဆယ်၊ ကံပိုင်တည်၊ ဆဒုံးဘက်ကို မနေ့ ဖေဖော်ဝါရီ ၇ ရက်က စစ်ကောင်စီတပ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးဘက်လည်း ဖေဖော်ဝါရီ ၆ ရက် ညက အသေခံ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တစ်လအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူ ၁၄၀ နီးပါး ဖမ်းမိတယ်လို့ TNLA ပြော

တအာင်းတပ်- TNLA ထိန်းချုပ်ဒေသတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁၃ ဦးနဲ့ သုံးစွဲသူ ၁၂၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဆီဆိုင်မှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံး

ရှမ်းတောင် ဆီဆိုင်မြို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်း တပ်မတော်- PNLA က ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဇန်နဝါရီ ၁ လအတွင်း စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာပြင်းထန်

ကရင်နီပြည်နဲ့ ရှမ်းတောင်၊ ရှမ်း-ကရင်နီအစပ်ဒေသမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း အရပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီ လူမှုအဖွဲ့အစည်းကွန်ယက်- KSCN က ထုတ်ပြန်ပါတယ်။

မန္တလေးက ပုဂ္ဂလိကဆေးရုံ ၇ ခုကို စစ်ကောင်စီက ပိတ်သိမ်းခိုင်းပြန်

မန္တလေးမြို့ပေါ်မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံ ၇ ခုကို စစ်ကောင်စီက အာဏာသုံးပြီး ပိတ်သိမ်းခိုင်းထားတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။