ကိုးကန့်နဲ့ ‘ဝ’ဒေသမှာ ၎င်းတို့ထုတ်ပေးတဲ့ ယာဥ်လိုင်စင်တွေ စစ်ဆေးတင်းကြပ်လာပြီး နှစ်ဖက်က ထုတ်ပေးတဲ့ ယာဥ်လိုင်စင် တစ်ခုခုမရှိရင် ဖြတ်သန်းသွားလာလို့ မရ

ကိုးကန့်တပ်မတော် – MNDAA နဲ့ ‘ဝ’တပ်မတော် – UWSA တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ သူတို့ထုတ်ပေးတဲ့ ယာဥ်လိုင်စင်တွေ စစ်ဆေးတင်းကြပ်မှုတွေ စတင်ပြုလုပ်လာတယ်လို့ သိရပါတယ်။

လက်နက်ချခဲ့ရတဲ့ မန်တုံဘောလုံးကွင်းမှာ လက်နက်အင်အားအပြည့်အစုံနဲ့ တော်လှန်ရေးနေ့ ပြန်လုပ်လာနိုင်တဲ့ TNLA

တစ်ချိန်က လက်နက်ချခဲ့ရတဲ့ တအာင်းဒေသ မန်တုံမြို့ဘောလုံးကွင်းမှာ နှစ် ၂၀ ကျော်အကြာမှာတော့ ဒီဘောလုံးကွင်းမှာဘဲ စစ်အင်အား ၁၅၀၀ ကျော်နဲ့ စစ်အင်အားပြပြီး တအာင်းတော်လှန်နေ့ကို TNLA က ပြုလုပ်နိုင်ခဲ့ပါတယ်။

ဖလမ်းမြို့နယ်မှာ စစ်ကောင်စီ ဗုံးကြဲလို့ ဘုရားကျောင်းနဲ့ နေအိမ်တွေ ပျက်စီး

ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဘုရားကျောင်းအပါအဝင် နေအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပဲခူးတိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်တပ် ကျဆုံးမှုရှိ

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်လုံး ကျဆုံးမှုတွေရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။

၆၃ နှစ်ပြည့် တော်လှန်ရေးနေ့မှာ စစ်ကောင်စီတပ်သားအပါအဝင် ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကို TNLA လွှတ်ပေး

မနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်ခဲ့တဲ့ ၆၃ နှစ်ပြည့် တအာင်း​တော်လှန်ရေးနေ့မှာ စစ်ကောင်စီတပ်သားအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ တအာင်းတပ် (TNLA) ဘက်က ထုတ်ပြန်ပါတယ်။

တအာင်းတော်လှန်ရေးနေ့မှာ လေယာဥ်ပစ် သေနတ်အပါအဝင် သံချပ်ကာကား၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေကို TNLA ထုတ်ပြ

ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့မှာ တအာင်းတပ်မတော် PSLF/TNLA က လေယာဥ်ပစ်သေနတ်အပါအဝင် သံချက်ကာကား၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေကိုTNLA ထုတ်ပြခဲ့ပါတယ်။

ဖလမ်းက သီးဘွာလ်တိုက်နယ်ဆေးရုံ ဗုံးကြဲခံရပြီး ဆေးရုံအပါအဝင် အိမ်ရာတွေ ပျက်စီး

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်ကျေးရွာက တိုက်နယ်ဆေးရုံဟာ လေကြောင်းဗုံးကြဲခံရပြီး ဆေးရုံအပါအဝင် ဝန်ထမ်းအိမ်ယာ (၆) လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

၆၃ နှစ်ကြာ တအာင်းတော်လှန်ရေး ခရီးကြမ်း

တော်လှန်ရေးခရီး အနိမ့်အမြင့်၊ အတက်အကျများခဲ့တဲ့ တအာင်းတော်လှန်ရေးဟာ ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ၆၃ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပါပြီ။

ချောင်းဦးမြို့နယ်မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ၆ နှစ်နဲ့ ၁၁ ရွယ်ကလေး ၂ ဦးအပါဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၆ နှစ်နဲ့ ၁၁ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

PSLF/TNLA ရဲ့ တပ်ဖွဲ့ဝင် ၁၂၀ ကျော်ရဲ့အလုပ်သင် ဗိုလ်သင်တန်းကျောင်းဆင်း

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ရဲ့ အလုပ်သင်ဗိုလ်သင်တန်းကျောင်း- TAOT သင်တန်းဆင်းပွဲကို မနေ့ ဇန်နဝါရီ ၁၁ ရက်မှာ တအာင်းဒေသ မန်တုံမြို့နယ်ထဲမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။