မိုးကုတ်မြို့ပေါ် စစ်ကောင်စီတပ် ဗုံးအလုံး ၂၀ ကျော် ကြဲချ၊ သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၂၀ ကျော်ရှိ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ရှိ ကျောက်လုပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၂၀ ကျော် ရှိတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

တီးတိန်မြို့နယ်မှာ ZRA တပ်ဖွဲ့ဝင်က ဖမ်းဆီးရိုက်နှက်လို့ ဒေသခံ ၂ ဦး သေဆုံး

ချင်းပြည်နယ် တီးတိန်မြို့နယ် ငါလ်ဘွယ်ကျေးရွာမှာ ဇိုမီး တော်လှန်ရေး တပ်မတော်- ZRA တပ်ဖွဲ့ဝင်က ဖမ်းဆီးရိုက်နှက်စစ်ဆေးလို့ ဒေသခံအမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

မိုးမိတ်မှာ အမျိုးသမီးတစ်ဦး သတ်ခံရ၊ ၂ ပတ်ကျော် ကြာတဲ့အထိ တရားခံ မပေါ်သေး

ရှမ်းမြောက် မိုးမိတ်မြို့နယ် နမ့်ဥမ္မာကျေးရွာမှာ အမျိုးသမီးတစ်ဦး သတ်ခံရပြီး ၂ ပတ်ကျော် ကြာတဲ့အထိ တရားခံကို ဖမ်းဆီးရမိတာ မရှိသေးကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မြဝတီမြို့မှာ စက်သုံးဆီ တစ်လီတာ ၁ သောင်းခွဲအထိ ဈေးမြင့်တက်နေပြီး နေရာတချို့မှာ ပြတ်လပ်နေ

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ထိုင်းဘက်က စက်သုံးဆီ တင်သွင်းခွင့် ပိတ်လိုက်တာကြောင့် စက်သုံးဆီ တစ်လီတာ ၁ သောင်းခွဲအထိ ဈေးမြှင့်နေပြီး နေရာတချို့မှာတော့ စက်သုံးဆီ ပြတ်လပ်နေတယ်လို့ မြဝတီဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ ဆီဆိုင် မီးလောင်မှုဖြစ်၊ သိန်း ၂ ထောင်ဝန်းကျင် ဆုံးရှုံးမှုရှိနိုင်

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းမှာ ဆီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး သိန်း ၂ ထောင်ဝန်းကျင် ဆုံးရှုံးမှု ရှိနိုင်တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ဆက်ဖြစ်နေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တအာင်းတပ်မတော်- TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သီပေါမြို့အဝင် မုခ်ဦးမှာ ပါရှိတဲ့ ရှမ်းပြည်အလံနဲ့ ရှမ်းစာသားကို ပြောင်းလဲပြုပြင်တဲ့အပေါ် ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေ ကန့်ကွက်

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့အဝင် မုခ်ဦးမှာ ပါရှိတဲ့ ရှမ်းပြည်အလံနဲ့ ရှမ်းစာသားကို ပြောင်းလဲပြုပြင်တဲ့အပေါ် ရှမ်းအရပ်ဖက် အင်အားစုက ကန့်ကွက်ကြောင်း မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ကြေညာချက် ထုတ်ပြန်လာပါတယ်။

နမ္မတူမြို့နယ်ထဲ ကျင်းပခဲ့တဲ့ ပညာရေးစုံညီပွဲတော်နဲ့ KG ကျောင်းဆင်းပွဲ

တအာင်းပြည် ပညာရေးကောင်စီ- TLEC ဖွင့်လှစ်ထားတဲ့ နမ္မတူမြို့နယ်ထဲက စာသင်ကျောင်းတွေမှာ ပြုလုပ်ခဲ့တဲ့ ပညာရေးစုံညီပွဲတော်နဲ့ KG ကျောင်းဆင်းပွဲ မြင်ကွင်းပဲ ဖြစ်ပါတယ်။

အင်းလေးတောင်ပိုင်းမှာ လက်နက်ကြီးကျလို့ လူနေအိမ်တစ်လုံး မီးလောင်ပျက်စီး

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေပူကျေးရွာအုပ်စု ရေပူရွာမှာ လက်နက်ကြီး ကျရောက်မှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ ဒေသတွင်း နေထိုင်သူတွေက ပြောပါတယ်။

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။